Ch-3

19.2K 1.7K 21
                                    

{ Unicode }
......................

"ဂွီ...."

Lan yuu ရဲ့အတွေးစတွေကိုyiboရဲ့ဗိုက်ထဲကသံစုံတီးဝိုင်းကဖြတ်ချလိုက်သည်။

Yiboကိုကြည့်လိုက်တော့သွားတွေပေါ်အောင်ရယ်ပြလေသည်။

"ဗိုက်ဆာနေပြီလား..."

"ဟုတ်..."

ဟုတ်သားပဲ... ကလေးတစ်ယောက်ကို
အချိန်မှန်ဂရုစိုက်ပေးဖို့တာဝန်ကသူ့ပေါ်ကိုကျလာပြီလေ။
ဗိုက်ဆာနေပြီဆိုတော့ တစ်ခုခုကျွေးရမှာပေါ့။

အကျီသေချာပြန်ဝတ်ပေးပြီး
ဗိုက်ဆာနေတဲ့yiboလေးကိုချီကာlan yuu စားဖိုဆောင်ကိုဆင်းလာသည်။

ညဥ့်နက်နေပြီမို့ အိမ်ထိန်းကြီးက သိမ်းဆည်းပြီးလှည်းကျင်းနေလေပြီ။

"အာ...lan yuu ဗိုက်ဆာလို့လား..."

"အင်း...ကျွန်တော်တော့မဟုတ်ဘူး...
ဒီကလေး.."

Lan yuu ကသူ့လက်ထဲကyiboကိုပြပြီးပြောတယ်။

"ဒါ...အကိုလေးဝယ်လာတဲ့ကလေးမလား"

"အင်း...ဟုတ်တယ်...သေသေချာချာလေးဂရုစိုက်ပြီးကျွေးလိုက်ပါဦး...ကျွန်တော်ဆေးလိပ်သွားသောက်မလို့..."

Lan yuu ကyiboကိုခုံလေးပေါ်မှာတင်ပြီးထွက်သွားတယ်။

အိမ်ထိန်းကြီးကyiboကိုပြုံးပြကာ
အိမ်စေတွေကိုစားစရာပြင်ခိုင်းတယ်။

"သားလေး...သားနာမည်ဘယ်လိုခေါ်လဲ"

အိမ်ထိန်းကြီးကyiboရဲ့လက်ကလေးတွေကိုကိုင်ကာမေးသည်။

"Yi..yibo ပါ..."

"Yi Yibo လား.."

Yiboရဲ့စကားကိုအဓိပ္ပါယ်ကောက်လွဲတာကြောင့်အလျင်မြန်ပြန်ရှင်းပြရသည်။

"မဟုတ်ဖူးခဗျ...yibo...yiboပဲ.."

"အော်....yiboလေး...သားအသက်ကရော
ဘယ်နှစ်နှစ်ရှိပြီလဲသိလား"

အိမ်ထိန်းကြီးကဆက်မေးတယ်။
Yiboကလည်းစိတ်ရှည်လက်ရှည်ပြန်ဖြေပေးရှာပါတယ်။

"သားကဒီလ၅ရက်နေ့ဆိုရင်၁၀နှစ်ပြည့်ပြီ"

"အိမ်ထိန်းကြီးကျောက်...ဒီမှာရပါပြီ"

⚠ Call Me Baby ⚠Where stories live. Discover now