Ch-32

12.4K 1.1K 46
                                    

Unicode

"Rey!!!"

Xiao Zhan ရဲ့အလန့်တကြားအော်သံကလည်း နောက်မှလိုက်ထွက်လာလေသည်။

သေနတ်အရှေ့မှာ ဝင်ခံထားတဲ့ကလေးသာသာကောင်လေးက
Xiao Zhan ကိုလှည့်ကြည့်ကာ ပြုံးပြတယ်။

Ming Gu လည်းကြောင်အသွားပြီးရပ်ကြည့်နေဆဲမှာပင် ဝမ်းဗိုက်ကနေ သွေးတွေဒလဟောစီးကျလာတဲ့ Rey ။

မျက်ဝန်းကနေလည်း မျက်ရည်စအချို့စီးကျလာလေသည်။

Xiao Zhan လည်းလန့်သွားကာ Rey ရှိရာဆီသွားဖို့လုပ်တော့ Yibo ကဆွဲတယ် ။

"အရှေ့ကလူတွေက ခင်ဗျားအဖေတွေမဟုတ်ဖူး...သတိကပ်စမ်း.."

"Rey...ဒီကောင်လေး..သူ.."

Rey ရဲ့လက်ထဲမှာသံချွန်တစ်ချောင်းရှိနေပြီး
Ming Gu ကိုထိုးရန်ရည်ရွယ်ထားပုံပေါ်သည်။

"ငါ့အမိန့်မရပဲ
ဘယ်ခွေးကောင်ပစ်တာလဲ!!"

အော်သံကျယ်ကြီးနဲ့အတူ
မျက်လုံးတွေပြာထွက်သွားပြီး လဲကျတော့မဲ့ကောင်လေးဆီ Ming Gu ရောက်သွားသည်။

သွေးတွေစီးကျနေတဲ့ကောင်လေးက Ming Gu ကိုမျက်လုံးစိမ်းကြီးတွေနဲ့ ကြည့်နေသည်။ Ming Gu ရဲ့လက်တွေက ကောင်လေးရဲ့ဝမ်းဗိုက်ကိုဖိပေးနေမိတယ်။
သွေးတွေတိတ်လိုတိတ်စေငြားပေါ့။

"သတိ..သတိထားပါဦး... ကလေး.."

"ခင်..ခင်ဗျား...သေ..သေပါ...စေ...!"

သူ့ကိုကျော်ကာ Xiao Zhan တို့ရှိရာကိုကြည့်ရင်းပြုံးကာငြိမ်ကျသွားတဲ့ကောင်လေး။

နောက်ဆုံးထွက်သက်မှာ ကြားလိုက်ရတဲ့စကားကြောင့် Ming Gu ရဲ့မျက်နာမှာခံစားချက်ပေါင်းစုံဖြတ်ပြေးသွားသည်။

ဝမ်းနည်းတာလား ။ ဒေါသလား ။ သေသေချာချာဝေခွဲမရ ။

နီမြန်းလာတဲ့မျက်နာနဲ့အတူ မျက်လုံးအစုံကပြူးကျယ်လာကာ Rey ကိုပစ်လိုက်တဲ့ သူ့လူတစ်ယောက်ကိုကြည့်လေတယ်။

"ဆ..ဆရာ...အဲ့ကောင်က..ဆရာ့ကိုသံနဲ့ထိုးဖို့လုပ်တာ...အဲ့တာကြောင့်...ကျွန်တော်.."

အထစ်ထစ်အငေါ့ငေါ့နဲ့ ရှင်းပြနေသူက Zein!

Ming Gu ရဲ့အာရုံက Xiao Zhan တို့ဆီမှာမရှိတော့ပဲ Zein ဆီသို့စုပြုံကျလာလေသည်။

⚠ Call Me Baby ⚠Where stories live. Discover now