Ch-40(final🖤)

21.9K 1.3K 100
                                    

"Zhan~~~ ကျွန်တော်.."

"တိတ်စမ်း...မင်းတိတ်တိတ်နေ..."
ခါးကိုကိုင်ကာကုတင်ခေါင်းရင်းမှာမှီပြီးထိုင်နေတဲ့ Xiao Zhan က သူ့ရှေ့မှာကျုံ့ကျုံ့လေးထိုင်နေတဲ့ Yibo ကိုမျက်မှောင်ကြီးကျုံ့လို့ကြည့်နေတယ်။

အတော်ကြာမှစကားစတယ်။

"ငါတော်တော်နာနေတယ်သိလား"

စိတ်လျော့ကာသက်ပြင်းလေးချပြီးပြောတော့ Yibo ကလျှင်မြန်စွာပဲ Xiao Zhan ဘေးကိုသွားပြီး ပုခုံးကနေဖက်လိုက်သည်။

".Baby တောင်းပန်တယ်နော်...
အိမ်မက်လို့ပဲထင်နေတာ..အဲ့တာကြောင့်.."

ဘေးကနေမျက်နာငယ်လေးနဲ့လာတောင်းပန်နေတော့လည်း လူကမနေနိုင်ပြန်။
ခေါင်းလေးကိုပုတ်ပေးလိုက်ပြီးပြောရသည်။

"အင်းပါ...ထားလိုက်တော့...မသေသေးတာပဲကျေးဇူးတင်တယ်"

"ဟာကွာ..အဲ့လိုမပြောပါနဲ့.."

Yibo ကိုဘာမှထပ်မပြောတော့ပဲ ဖြေးဖြေးချင်းလျှောချကာ လှဲနေလိုက်သည်။

"အရမ်းနာနေလားဟင်..."

သူအိပ်နေတဲ့ဘေးကိုကပ်ပြီးလာပြောတယ်။

"သိချင်ရင်မင်းခံကြည့်ပါလား..."

အဲ့လိုပြောတော့အသံတိတ်သွားတယ်။
နာနေလားတဲ့ ။ မေးရက်တယ် Wang Yibo ရယ် ။ ငါတောင်အဲ့လောက်ထိမလုပ်ဖူးဘူး။
အိပ်ယာပေါ်ကသွေးကွက်ကြီးကိုမင်းမမြင်ရော့လေသလား ။

"ဟို...အဲ့တာဆို...နားနေလိုက်ဦးနော်...ဆေးသွားဝယ်လိုက်ဦးမယ်..."
သူ့ဘေးကနေခေါင်းစုတ်ဖွားနဲ့ထသွားပြီး
အပြင်ထိရောက်ပြီးမှတစ်ခါပြန်ဝင်လာတယ်။

Xiao Zhan ပါးကိုလာနမ်းပြီးပြောတယ်။

"ပြန်မသွားနဲ့ဦးနော်..."တဲ့။

မျက်စိမှိတ်လျက်ပင် ထိုကောင်လေးရဲ့မျက်နာကိုတွန်းထုတ်ပစ်ပြီး ဆေးသာမြန်မြန်သွားဝယ်လို့ပြောလိုက်ရတယ်။

....................

ဆေးဆိုင်ကနေအကောင်းတကာ့ အကောင်းဆုံးဆိုတဲ့ အကိုက်ခဲပျောက်ဆေးတွေကို ဘူးလိုက်ဝယ်ချပြီးပြန်လာရှာပါတယ်။

⚠ Call Me Baby ⚠Where stories live. Discover now