Ch-9

17.4K 1.6K 57
                                    

{ Unicode }
.......................

"Yibo ဒီကိုလာဦး"

ဖုန်းချပြီးတော့ အနားကဆိုဖာပေါ်မှာ အိပ်တော့မဲ့ Yiboကိုခေါ်လိုက်သည်။

YiboလေးကအခုXiao Zhan ရဲ့အခန်းထဲမှာ
အိပ်ဖို့ပြင်နေတာဖြစ်တယ်။

အရင်ကအခန်းထဲဝင်လို့ ပါးရိုက်လိုက်တဲ့
Xiao Zhan ကဘယ်ဆီရောက်လို့ ရောက်နေမှန်းမသိ။

"မနက်ဖြန်....ကစားကွင်းသွားချင်လား"

Xiao Zhan ရဲ့စကားကြောင့် Yibo မျက်လုံးလေးတွေတောက်လာသည်။

"ဦးဦးက ကစားကွင်းဘယ်မှာရှိလဲသိလို့လား"

Yibo ရဲ့အမေးစကားကြောင့် Xiao Zhan အားပါးတရကိုပြုံးဖြစ်သည်။

Xiao Zhan ရဲ့အပြုံးခပ်ကြီးကြီးကို ရှားရှားပါးပါးမြင်ရတဲ့ Yibo ကလည်းငေးကြည့်ဖို့မမေ့....။

"တကယ်ကိုလှတာ.... အဲ့အောက်ကမှဲ့လေးပိစိလေးနဲ့"

Xiao Zhan ရဲ့အပြုံးကိုငေးရင်း ပြောထွက်လာတဲ့စကားကြောင့် ပြုံးရယ်နေတာတွေတန့်ကုန်တယ်။

ဒီကလေးကဘာလို့ ငါ့ကိုအမြဲလှတယ်ပဲပြောနေတာလဲ!

"Yibo မင်းငါ့ကိုဘာလို့လှတယ်လို့ပြောတာလဲ"

သူ့စကားကိုYibo ကမျက်လုံးလေးပြူးကာပြန်ဖြေသည်။

"ဦးဦးကလှတာကိုး!"

"မဟုတ်ဘူးလေ...ငါကယောကျ်ားလေး.....လှတယ်လို့မပြောရဘူး.....ချောတယ်လို့ပြောရတယ်"

"ဟာ...ဦးဦးကလည်း...ချောတာကချောတာ...လှတာကလှတာ မတူဘူး...
ဦးဦးက ရယ်လိုက်ရင် အရမ်းလှတာ...ပြီးတော့ဦးဦးရဲ့ကိုယ်လေးကရောပဲ...ခိ...ခိ...."

အဝတ်လဲတုန်းက သူ့ကိုယ်ကို
တစ်ခါမြင်ဖူးထားတဲ့ Yibo ကသတိတရထုတ်ပြောလေသည်။

"Wang Yibo!!."

"ဟီး..."

"နောက်တစ်ခါအဲ့လိုထပ်ပြောရင်...မင်းလျှာကိုဖြတ်ပစ်မယ်"

Xiao Zhan ရဲ့ကျိန်းမောင်းသံကြီးအောက်မှာ
ဇက်ကလေးပုသွားတဲ့ Yibo!

တကယ်တော့Yiboစိတ်ထဲမှာ ဘာမှရှိမနေဘူး။ သူ Xiao Zhan ကိုမြင်တဲ့အမြင်တိုင်းပြောလိုက်တာပဲ ။

⚠ Call Me Baby ⚠Where stories live. Discover now