Ch-39

16.3K 1.2K 64
                                    

Unicode

Xiao Zhan နိုးလာချိန်မှာတော့ ဘေးမှာဘယ်သူမှရှိမနေတော့ ။
ညကYibo ထွက်သွားတာ သူမသိလိုက်။
အိပ်ယာပေါ်မှာခနထိုင်နေပြီး ဘေးဘက်ကိုစိုက်ကြည့်နေတယ်။

ပြီးတော့ ပေါ့ပေါ့ပါးပါးပင် ထလိုက်သည်။
ဖုန်းမှာဝင်နေတဲ့ Mail တွေကိုဖွင့်ဖတ်တယ်။
Yubin ဆီကပို့ထားတဲ့ Mail တစ်စောင်!

Rey ရဲ့ရုပ်အလောင်းကိုပိုင်ရှင်မဲ့အဖြစ်သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်းလှမ်းပြောတာ။

တံတားပေါ်မှာပဲကျန်ခဲ့တဲ့ Rey ရဲ့အသက်မဲ့ခန္ဓာကရဲတွေဆီပါသွားလေတယ်။
ဒီကောင်လေးရဲ့နောက်ဆုံးလမ်းခရီးကို သူ့အနေနဲ့ သေသေချာချာလေးစီမံပေးသင့်တယ်လို့တွေးမိတယ်။

Rey ကသူ့ကြောင့်သာမဟုတ်ရင် ဒီပြသနာတွေထဲရောပါသွားမှာမဟုတ်ဖူး။
ပိုင်ရှင်မဲ့အလောင်းတွေကို အစိုးရကပဲမီးမြှိုက်ပစ်ပေးတာ ။
Yubin ရဲ့အကူညီနဲ့ Rey ကိုစျာပနအခမ်းနားကောင်းကောင်းလေးလုပ်ပေးဖို့ သူစဥ်းစားထားတယ်။

လွတ်လပ်မှုကို အရမ်းလိုချင်တဲ့ကောင်လေးအတွက် တောင်ကုန်းပေါ်ကသစ်ပင်ကြီးအောက်မှာ အရိုးပြာကိုမြုပ်နှံပေးလိုက်တယ်။

ဘဝသစ်ကိုအေးချမ်းစွာကူးပြောင်းပါတော့
ကောင်လေး!
ငါလိုလူနဲ့တွေ့ပြီးလောကကြီးကနေစောစီးစွာထွက်ခွာသွားခဲ့ရတဲ့အတွက်လည်း စိတ်မကောင်းပါဖူး!
ငါမင်းကိုအစတည်းက ခေါ်မလာခဲ့ရင်
ဒီပြသနာတွေကြားထဲမင်းပါသွားမှာမဟုတ်ဖူး။
ငါတောင်းပန်ပါတယ် Rey!

ကိုယ်ကိုညွှတ်ကိုင်းကာအရိုသေပေးလိုက်ပြီးနောက် ထိုနေရာမှလှည့်ကာထွက်ခွာလာခဲ့တော့သည်။

Six Months Later~~~

တဖွဲဖွဲရွာနေတဲ့မိုးရေစက်တွေကြားမှာ
ရန်ဖြစ်နေကြတဲ့လူတစ်စု ။
မိုးရေတွေနဲ့ သွေးတွေရောကုန်ပြီး သွေးစီးကြောင်းတွေတောင်ဖြစ်ကုန်သည်။
ဖြစ်နေတာကတော့ သုံးယောက် တစ်ယောက်ပဲ။ ဘယ်သူကအသာစီးရနေလဲဆိုတော့
တစ်ယောက်ဘက်က!

"Fuck!! Motherfuckers!!!"

သုံးယောက်ကမြေပြင်မှာလဲကုန်တာတောင်
ခြေနဲ့လိုက်ကန်နေပြီး ဆဲနေသေးသည်။

⚠ Call Me Baby ⚠Where stories live. Discover now