Ch-19

19.3K 1.4K 21
                                    


Unicode

"ကျစ်...Xiao Zhan... ကျွန်တော့်ကိုတော်တော်သတ်ချင်နေတယ်မလား...ဘာလို့ထွက်ပြေးသွားတာလဲ...လာသတ်လေ..
အခန်းထဲမှာဝင်ပုန်းမနေနဲ့..."

"ဒုန်း...ဒုန်း..ဒုန်း.."

တံခါးကိုလည်းအဆက်မပြတ်ထုရိုက်ကာခေါ်နေလေရဲ့။

"ငါဘာဖြစ်နေတာလဲ...ရင်တွေခုန်နေလိုက်တာ...အားး...ရူးနေပြီလား..."

ဆံပင်တွေကိုဆွဲဖွကာ ကုတင်ပေါ်ကိုစိတ်ပျက်လက်ပျက်ထိုင်ချလိုက်တယ်။

"Zhan! ဖွင့်လို့ပြောနေတယ်နော်...ကြောက်နေတာလား..."

လူကိုလည်း ခင်ဗျားခေါ်လိုက် Xiao Zhan ခေါ်လိုက် နဲ့ တစ်ခါတစ်ခါကျတော့လည်း
Zhan ဖြစ်သွားလိုက်နဲ့...မင်းကြောင့်ရူးတော့မယ်။

သေလောက်အောင်ခေါ်နေလည်းမသိချင်ယောင်ဆောင်ထားလိုက်တော့ အသံတိတ်သွားတယ်။

လက်လျှော့သွားပြီအထင်နဲ့ Xiao Zhan လည်း အိပ်ချပစ်လိုက်တယ်။

..............

"ဟိတ်! !"

မိုးလင်းလို့အပြင်ကိုထွက်ချိန်မှာ
အနောက်ကနေထွက်လာတဲ့အသံကြောင့်
လန့်ထွက်သွားသည်။

"ဘယ်ကိုပြေးဦးမို့လဲ..."

ဘယ်အချိန်ထဲကချောင်းနေသလဲမသိတဲ့ Yibo က Xiao Zhan လည်းအခန်းထဲကထွက်လာရော ခါးကနေသိုင်းဖက်ကာပုခုံးပေါ်
ဆွဲမလိုက်တယ်။

"Wang Yibo ဘာလုပ်တာလဲ...လွှတ်စမ်း"

"မလွှတ်ဖူးဗျာ...ဦးဦးကထွက်ပြေးလိုက် ၊ တွန်းထုတ်လိုက်နဲ့ ကျွန်တော့်ဘက်ကိုနည်းနည်းမှမကြည့်ဖူး...အပြစ်ပေးရမယ်...အကျင့်မကောင်းတဲ့ Xiao ဦးဦး ကို! "

"မ..မလုပ်နဲ့...Wang Yibo.. ငါမင်းကိုသတ်မှာနော်...မလုပ်နဲ့..."

Yibo ရဲ့ခြေလှမ်းတွေကိုကြိုသိနေတဲ့ Xiao Zhan ကပုခုံးပေါ်ကနေအော်နေလေတယ်။

Yibo ကတော့အောင်နိူင်သူအပြုံးကြီးနဲ့
Xiao Zhan ကိုထမ်းကာXiao Zhan ရဲ့အလုပ်ခန်းထဲကိုဝင်သွားချေပြီ။

မျက်လုံးကြီးပြူးပြီးကြောင်အအနဲ့ရပ်ကျန်ခဲ့တာအိမ်ထိန်းကြီးသာ။

⚠ Call Me Baby ⚠Where stories live. Discover now