Ch-12

19.8K 1.6K 35
                                    

Unicode

Xiao Zhan နိုးလာချိန်မှာတော့ သူ့အိမ်ကိုသူပြန်ရောက်နေပြီ။

နိုးနိုးချင်းပဲ ခါးအောက်ပိုင်းကနာကျင်မှုကြောင့် ဒေါသကထွက်ရသည်။

"ဒုန်း...ခလွမ်း..."

အတွေးတွေထဲမှာ သူ့အပေါ်ကနေ သာယာမှုကိုရှာသွားတဲ့ကောင်ကိုမြင်လိုက်တာနဲ့
ဘေးစားပွဲခုံက ရေခွက်လေးနဲ့ အသုံးဆောင်ပစ္စည်းအချို့က ကြမ်းပြင်နဲ့မိတ်ဆက်သွားရသည်။

"ခွေးကောင်...မင်းကိုသတ်ပစ်မယ်!"

နီရဲနေတဲ့ မျက်ဝန်းတွေက Xiao Zhan ရဲ့စိတ်အခြေအနေဟာဆိုးရွားနေကြောင်းဖော်ပြနေတယ်။

ထော့နဲ့ ထော့နဲ့ နဲ့ပဲ ရေချိုးခန်းဆီရောက်သွားတယ်။

ရေချိုးခန်းမှန်မှာပေါ်နေတဲ့သူ့ခန္ဓာကိုယ်ကိုကြည့်ကာ အံကြိတ်ထားမိတယ်။

ရင်ဘတ်တစ်လျောက်မှာ ထင်းနေတဲ့အမှတ်ရာတွေ။

လည်ပင်းမှာလည်း ကိုက်ရာကြီးကထင်ထင်ရှားရှားကြီး!

ခါးမှာလည်းလက်ရာကြီး။
သူ့တစ်ကိုယ်လုံးရစရာမရှိအောင်ကိုပဲ!

အခုထိတောင်နာနေသေးတဲ့ အနောက်ဘက်တစ်နေရာဆို သူကြည့်တောင်မကြည့်ဝံ့ဖူး။

"မင်းငယ်ပါကိုဖြတ်ပစ်မယ်...ခွေးတိရစ္ဆာန်ကောင်!"

ကြုံးဝါးနေတဲ့ Xiao Zhan က အဲ့လူဟာ
Yibo မှန်းသိသွားရင် သူကြုံးဝါးနိုင်ပါဦးမလား။

အောက်ကိုဆင်းလာတော့ အသင့်စောင့်ကြိုနေတဲ့ အိမ်ထိန်းကြီးကသူ့ကိုတွဲပေးဖို့လုပ်တယ်။

Xiao Zhan ရင်ထဲဒိန်းခနဲ
ဆောင့်တက်သွားသည်။

သူတို့သိနေတာလား!

"လာလေ...အကိုလေး...ခြေထောက်ခေါက်ထားတယ်ဆိုတော့...အကူညီလိုမှာပေါ့.."

"ရ..ရတယ်...မလိုဖူး.."

သူထင်နေသလိုမဟုတ်မှန်းသိရမှ အသက်ရှုချောင်တော့တယ်။

ဒီကိစ္စကိုသာတခြားလူတွေသိကုန်ရင်
သူ့သိက္ခာတွေရေစုန်မြောရချည်ရဲ့။

ထမင်းစားခုံမှာဝင်ထိုင်လိုက်ပြီး Lan Yuu ကိုလာတွေ့ဖို့ပြောလိုက်တယ်။

⚠ Call Me Baby ⚠Where stories live. Discover now