Ch-10

19.9K 1.7K 44
                                    

{ Unicode }
......................

ခင်ဗျားကတကယ်ကိုသွေးအေးတာပဲ Xiao Zhan!

ဒီအတောအတွင်း ကျွန်တော့်ကိုတစ်ချက်လေးတောင်မဆက်သွယ်ခဲ့ဘူး။

Sex Toy ဖြစ်တော့မဲ့ဘဝကနေ ကယ်တင်ပေးခဲ့လို့ ခင်ဗျားတစ်ယောက်ကတော့
ကျွန်တော့်ကိုပစ်မထားလောက်ဘူးလို့ ထင်မိခဲ့တာ အထင်နဲ့အမြင်တက်တက်စင်အောင်လွဲတာပါပဲလား။

ခင်ဗျားကိုအရမ်းခင်တွယ်ချင်တဲ့ ကလေးကိုမှပစ်ထားရက်တယ်။

ခင်ဗျားကိုဘာများအနှောက်အယှက်ပေးမိလို့လဲ။
စိတ်ရှုပ်လွန်းလို့ တခြားနေရာကိုတောင်ပို့ပစ်တယ်ဆိုတော့။

နောက်ဆုံးတော့လည်း ခင်ဗျားလည်း ကျွန်တော့်မိသားစုနဲ့မခြားပါဖူး ....။
ပစ်ထားခဲ့တာပဲ!

ကျွန်တော့်မှာခင်ဗျားကို မုန်းတီးဒေါသထွက်ဖို့ အကြောင်းပြချက်လုံလုံလောက်လောက်မရှိဖူး။

ခင်ဗျားကပျော့ညံ့တာကိုမုန်းတယ်ဆိုတော့
ကျွန်တော်သန်မာအောင်လုပ်ပြီး ခင်ဗျားအနားပြန်လာရင်ရော။

ပြန်လက်ခံမှာလား?

ထပ်မပစ်ပယ်တော့ဘူးမလား?

ခင်ဗျားသိလား...။

ကျွန်တော်ခင်ဗျားရဲ့သတင်းတွေကို အပ်ကလေးတစ်ချောင်းကျတာက အစအကုန်သိတယ်ဆိုတာကို...။

ခင်ဗျားကလျစ်လျူရှုရက်ပေမဲ့ ကျွန်တော်ကမနေနိုင်ဘူးဗျ ။

အခုကျွန်တော့်ဆီမှာ ခင်ဗျားနဲ့ပတ်သတ်ရင်
မကောင်းတဲ့အတွေးတွေချည်းပဲ။

ဟိုအရင်ကဖြူစင်ရင်ဖြူစင်ခဲ့လိမ့်မယ်။
အခုတော့မဟုတ်တော့ဘူး။

ကျွန်တော်အရမ်းသဘောကျခဲ့တဲ့
ဦးဦးဆိုတဲ့နာမ်စားထက် Xiao Zhan ဆိုတဲ့နာမည်ကိုပဲခေါ်ချင်နေတယ်။

ဘယ်အချိန်တည်းကစခဲ့လဲမသိပေမဲ့
သေချာတာတစ်ခုကတော့ ခင်ဗျားအပေါ်ညစ်ညစ်ညမ်းညမ်းတွေ ကျွန်တော်ပြုမူနေတယ်ဆိုတာပဲ။

ဆယ်ကျော်သက်ဘဝရဲ့ အာသာဖြေလျော့မှုတိုင်းမှာ ခင်ဗျားမျက်နာကိုမြင်ယောင်နေတည်းက ကျွန်တော်ပုံမှန်မဟုတ်တော့တာ။

⚠ Call Me Baby ⚠Where stories live. Discover now