Ch-6

16.8K 1.7K 109
                                    

{ Unicode }
.....................

Xiao Zhan သူပိုင်တဲ့ club တွေထဲကတစ်ခုကိုရောက်နေလေသည်။

နေ့ခင်းဘက်ဖြစ်သော်လည်း clubထဲမှာ
ညအမှောင်ချထားကာ စိတ်လွတ်ကိုယ်လွတ်ပျော်ပါးမူးရူးနေကြတယ်။

သူ့စိတ်ထဲမှာ Yibo ကိုတွေးနေမိတယ်။
ဒီကလေးကိုသူ့ဘေးမှာဆက်ထားရကောင်းနိုးပေါ့။

သိပ်ကြည့်မရပေမဲ့ ချစ်ဖို့ကောင်းတာတော့ဝန်ခံပါတယ်။

အတွေးစတို့ကို Lan Yuu ရဲ့အသံကဖြတ်တောက်လိုက်သည်။

"Xiao Zhan.... ဖမ်းမိပြီ"

Lan Yuu လာပြောတဲ့စကားကြောင့်
လက်နှစ်ဖက်ကိုမြှောက်ကာအကြောဆန့််လိုက်ပြီး club ရဲ့ ငရဲခန်းလို့နာမည်ကြီးတဲ့
အခန်းဆီကိုဦးတည်လိုက်သည်။

အခန်းထဲကိုရောက်တော့ ခုံတစ်လုံးပေါ်မှာလက်ပြန်ကြိုးတုပ်ပြီး ရိုက်နှက်ခံထားရတဲ့
လူတစ်ယောက်ကသူ့ကိုဆီးကြိုနေတယ်။

Xiao Zhanမလှုပ်ရှားရသေးခင်မှာပဲ
Lan Yuu ကဦးစွာရှေ့ထွက်လိုက်သည်။

သူတို့လူတွေရဲ့နှိပ်စက်မှုကြောင့်ထိုလူကမေ့နေသေးသည်။
ထိုလူကိုနိုးဖို့ရာအနားကိုသွားပြီး ဘေးနားမှာရှိတဲ့သံရေပုံးနဲ့ ခေါင်းကိုပိတ်ရိုက်လိုက်သည်။

"Opps! sorryကွာ.. ရေနဲ့ပက်မလို့ပဲ...
ဟိုကောင်တွေက ရေမဖြည့်ထားပေးလို့
ပုံးနဲ့ပိတ်ရိုက်လိုက်တာ"

ဒီစကားကိုကြားတော့ Xiao Zhan နဲ့သူ့အပေါင်းပါတွေကရယ်လေတယ်။

Xiao Zhan ကဒီလိုအချိန်ဆိုရင် ပြုံးစစနဲ့နှိပ်စက်တတ်တယ်။ ဆေးလိပ်တစ်လိပ်ကိုထုတ်ဖွာက ရှေ့ကအပြစ်သားကို
ဘယ်လိုအပြစ်ပေးရမလဲ စဥ်းစားနေလေသည်။

"တောင်း...တောင်းပန်ပါတယ်... ချမ်းသာပေးပါဗျာ....တောင်းပန်ပါတယ်..."

ခေါင်းကိုပြင်းထန်စွာရိုက်ခံလိုက်ရတဲ့လူကနာကျင်မှုနဲ့ခေါင်းမှကျလာသော သွေးစိမ်းတို့ကိုမထောက်ထားအား Xiao Zhan ကိုမြင်တာနဲ့အော်ကာတောင်းပန်တော့သည်။

ပြုံးနေတဲ့Xiao Zhan မျက်နာကချက်ချင်းတည်သွားပြီး ထိုလူရဲ့ဆံပင်ကနေကိုင်ကာ
ဆောင့်ဆွဲလိုက်ပြီး ခေါင်းကိုမော့စေတယ်။

⚠ Call Me Baby ⚠Where stories live. Discover now