Ch-20

17.1K 1.4K 73
                                    

"ခင်ဗျားက Yubin ရဲ့လူပေါ့.."

Xiao Zhan သူ့ရှေ့ကလူနဲ့အခုမှပထမဆုံးတွေ့ဆုံခြင်း။

Yubin လွှတ်ထားတဲ့ ၄၅ နှစ်အရွယ်သူလျှို။

ပထမကတော့အသက်ကြီးကြီးကိုမှလွှတ်ရသလားဆိုပြီး စိတ်အလိုမကျဖြစ်ပေမဲ့
လူကိုယ်တိုင်မြင်လိုက်ရမှ Yubin ကိုအထင်တောင်ကြီးသွားသည်။

လူကြီးကမဆိုးပါဖူး! အရည်အချင်းရှိသားပဲ။
အခု Ming Gu ကိုခြေရာခံလို့ရနေပြီ။

သူဘယ်သွားတယ် ၊ ဘာလုပ်တယ်ကအစ သိနေရပြီလေ။

"သူက Ming Gu နဲ့သိနေတာလား! "

သူလျှိုလာပို့ပေးတဲ့ပုံမှာပါလာတာက Rey!

"မတော်တဆ တွေ့ကြတာလို့ထင်တယ်"

ရုတ်တရက်ကြီး Xiao Zhan နားကိုအတင်းတိုးကပ်ကာ ပုံကိုကြည့်ပြီးပြောတဲ့ Yibo!

ဟုတ်တယ်..။ Yibo ပါရှိနေတယ် ။
Ming Gu နဲ့ရင်ဆိုင်ရာမှာအကူညီအဖြစ်
မလိုလည်းခေါ်ထားလိုက်ရတယ်။

အခုဆို Xiao Zhan နောက်တကောက်ကောက်ပဲ ။

နီးကပ်လွန်းတဲ့မျက်နာကြောင့် Xiao Zhan အသက်အောင့်ထားမိတယ်။

ဒုတ်! ဒုတ်!....ဒုတ်! ဒုတ်!..

အလိုက်ကန်းဆိုးမသိပဲ ခုန်ပေါက်လာပြန်တဲ့ကလီစာစုတ်!

Wang Yibo ရဲ့မေးရိုးတွေကဘာလို့ဒီလောက်ထိလှနေရတာလဲ!

ဟုတ်မနေဖူး...ဟိုတလောကထိ ​ဆွဲထိုးပစ်ချင်ခဲ့တဲ့ မျက်နာက အခုအရမ်းကြည့်ကောင်းနေပြန်ပြီ!

"Zhan! ကိုယ့်ကိုကြည့်လို့အားရပြီလား! "

"ဘယ်မှာကြည့်နေလို့လဲ...ခွေးစကားမပြောနဲ့"

ကြည့်နေမိတာ လူမိသွားတော့ဆဲတယ်။ဘာဖြစ်ချင်လဲ!

"ခွေးစကားပြောတာကို Zhan ကနားလည်တယ်လား !"

"Wang Yibo! မင်းအပေါက်ကိုပိတ်လိုက်တော့.... ငါ့ကိုဒေါသထွက်အောင်မလုပ်နဲ့..."

Xiao Zhan ရှုးရှုးရှဲရှဲထဖြစ်မှပဲ ဘာမှဆက်မပြောတော့ပေ။

ရှေ့ကသူလျှိုကြီးက သူတို့နှစ်ယောက်ကိုကြည့်ပြီးပြုံးစိစိလုပ်နေလေသည်။

⚠ Call Me Baby ⚠Where stories live. Discover now