Ch-15

20.6K 1.5K 43
                                    

Unicode

Xiao Zhan နိုးတဲ့အချိန်မှာ နေတောင်တော်တော်မြင့်နေလေပြီ။

ဖုန်းကိုကြည့်လိုက်တော့ missed call တစ်ခုတွေ့တယ်

(Rey) ....

နာတာထက် စပ်ဖျင်းဖျင်းဖြစ်​နေတဲ့
အောက်ဘက်တစ်နေရာကို လျစ်လျူရှုပြီး
အောက်ထပ်ကိုဆင်းရသည်။

"ဟေးးးးနိုးပြီလား..."

ဧည့်ခန်းမှာခြေချိတ်ထိုင်ကာ သတင်းစာကိုဟန်ပါပါဖတ်​နေတဲ့ Yibo ကသူ့ကိုတွေ့တော့
လှမ်းနှုတ်ဆက်လေတယ်။

ဒီကောင်စုတ်ကိုသူဘယ်လိုလုပ်ရမလဲမသိတော့ဖူး။လျစ်လျူရှုကာ
ထမင်းစားခန်းထဲကိုဝင်သွားလိုက်တယ်။
ဒေါသမထွက်ချင်သေးဖူး။
စိတ်ကိုလည်းတော်တော်လျှော့နေရဟန်။

Xiao Zhan ကဂုံးဆန်ပြုတ်ကို တွေ့တော့
အိမ်ထိန်းကြီးကိုလှမ်းကြည့်တယ်။

"စားလေ..အကိုလေး...ကျွန်တော်ကိုယ်တိုင်ပြုတ်ထားတာ.."

ကိုယ့်ဟာကိုမလုံဖြစ်နေတာမို့ ခေါင်းငုံ့ကာသာစားနေလိုက်တယ်။

"Zhan!!"

အနားနားကိုကပ်လာကာ အဖျားစွတ်ခေါ်လိုက်တဲ့အသံက Xiao Zhan စိတ်ကိုလာဆွသည်။

"မင်းသေချင်နေပြီလား.."

"အိုက်ယိုး...ဒေါသကထွက်နေပြန်ပြီ...ပြီးရင်သူပဲခံနေရတာကို..."

"မင်း..."

တိုးတိုးတိတ်တိတ်ဖြစ်နေတဲ့စစ်ပွဲက
အိမ်ထိန်းကြီးဝင်လာမှရပ်သွားတယ်။

"အကိုလေး...ဘာပြောလိုက်တာလဲ"

"ဘာ..ဘာမှမဟုတ်ဖူး..."

တစ်ချိန်က သူဝယ်လာတဲ့ ကလေးတစ်ယောက်ရဲ့ ဆက်ဆံတာကို ဘာမှမတတ်နိုင်ပဲ
ငြိမ်ခံနေရတာ သူ့မာနကိုအကြီးအကျယ်ထိခိုက်စေတယ်။

ဘေးနားကနေ လာစိုက်ကြည့်နေတဲ့ ကောင်စုတ်ကို မသိချင်ယောင်ဆောင်ပြီး အစားကိုမြန်မြန်စားရသည်။

"Xiao Zhan.... ဧည့်သည်.."

Lan Yuuရဲ့နောက်ကနေဝင်လာတဲ့
Yubin!

Yubin ကိုတွေ့တာနဲ့ Yibo ကဘယ်ရောက်သွားမှန်းမသိ ။ ပျောက်ထွက်သွားလေသည်။

⚠ Call Me Baby ⚠Where stories live. Discover now