Ch-24⚠

25K 1.3K 43
                                    

Unicode

Xiao Zhan နိုးတော့ Yibo ကသူ့ပေါ်မှာမရှိတော့ဖူး။

တစ်ညလုံးဖိအိပ်သွားလို့ ရင်ဘတ်ကတောင်အောင့်ချင်နေတယ်။

အ​ကြောဆန့်လိုက်ပြီး ရေချိုးခန်းထဲကိုဝင်လိုက်တော့ မှန်ရှေ့မှာ အကျီကျွတ်နဲ့ ဒဏ်ရာကိုသန့်ရှင်းရေးလုပ်ဖို့ကြိုးစားနေတဲ့ Yibo!

"မင်းဘာလုပ်နေတာလဲ "

"သန့်ရှင်းရေးလုပ်နေတာလေ...မမြင်ဖူးလား"

"ငါကဆော့နေတယ်ထင်တာ"

"...."

ဘုကလန့်တွေပြောပြီးတော့
Xiao Zhan ကသွားတိုက်တံလေးကိုယူကာ Yibo ဘေးမှာရပ်ပြီးသွားတိုက်တယ်။

Yibo ကလက်တစ်ဖက်တည်းနဲ့ ကျည်ပေါက်ရာကိုဂွမ်းစနဲ့တို့ထိပြီး သန့်ရှင်းရေးလုပ်နေရတာ အဆင်မပြေဖူး။

မနေနိုင်မထိုင်နိုင် Xiao Zhan ကကူညီပေးဖိုဖြစ်လာပြန်ရော။

သူ့လက်ထဲက ဂွမ်းတံကိုဆွဲယူပြီး အနာပေါ်ကိုဖွဖွထိကာ ကူညီပေးတော့ နှုတ်ခမ်းကိုမဲ့ကာ Xiao Zhan ကိုကြည့်တယ်။

သူ့ဒဏ်ရာကိုသန့်ရှင်းပေးနေတဲ့ Xiao Zhan ရဲ့ခေါင်းက ရင်ခွင်ထဲတိုးဝင်မတတ်ပဲ။

မျက်ခွံလှလှလေးတွေကိုမြင်လိုက်တိုင်း ၊ တုန်ရီစွာထွက်ပေါ်လာတဲ့ ရင်ခုန်သံကြားမှာ
ဦးဦးကို ဘယ်အချိန်ကစချစ်ခဲ့မိသလဲမသိတော့။

ဒဏ်ရာကိုသေချာသန့်စင်ပေးနေတဲ့ ဦးဦးကိုမေးခွန်းတစ်ခုမေးလိုက်တယ်။

"ကျွန်တော့်ကိုစိတ်မဆိုးဖူးလား.."

တိုးလျတဲ့အသံနဲ့အမေးရှိလာတဲ့ Yibo ကြောင့် Xiao Zhan မော့ကြည့်လိုက်တယ်။

"ဘာကိုလဲ..."

သန့်စင်ပြီးသွားတဲ့ဒဏ်ရာကို ပတ်တီးစည်းဖို့လုပ်ရင်းပြန်ပြောတော့

"ညကကျွန်တော်အခန်းထဲဝင်လာတာကို"

"သောက်အထူးဆန်းတွေလာလုပ်မနေနဲ့...
ငါ့ပေါ်တောင်တက်အိပ်သွားတယ်မလား..
အခုမှ ကြောက်သလိုလို ဘာလိုလိုလာလုပ်မနေစမ်းပါနဲ့...လက်မြှောက်"

စူပွပွနဲ့ပြောပြီး ပတ်တီးသိုင်းဖို့ရာလက်မြှောက်ခိုင်းလေတယ်။

⚠ Call Me Baby ⚠Where stories live. Discover now