Ch-8

17.3K 1.5K 53
                                    

{ Unicode }
.......................

အဲ့ညကထိပ်တိုက်တွေ့ကြတဲ့ပွဲမှာ Xiao Zhan တို့ဘက်က အနိုင်မပိုင်းနိုင်ခဲ့ပါဘူး။

အပစ်အခတ်တွေဆိုသိပ်ဝင်မပါတဲ့
Xiao Zhan အတွက် တော်တော်ကြီးကိုအထိနာခဲ့တာပေါ့ ။

ဒါပေမဲ့ ဟိုဘက်ကလည်း အသာစီးရသွားတာလည်းမဟုတ်ပြန်ဘူး။
နှစ်ဖက်လုံးဒဏ်ရာအသီးသီးနဲ့ အနိုင်အရှုံးမကွဲပဲ တိုက်ပွဲကိုအဆုံးသတ်လိုက်ရတယ်။

Xiao Zhan မှာသေနတ်ဒဏ်ရာအချို့ရလာပြီး Lan Yuu လည်းထိုနည်းတူစွာပင်။

ကိုယ့်ကိုကိုယ်ဂရုမစိုက်တဲ့ Xiao Zhan က
Lan Yuu အတွက်တော့ဆရာဝန်ခေါ်ကာ
သေချာကုပေးပေမဲ့ ၊ သူကတော့ ကိုယ့်ဟာကိုသာဖြစ်သလို ကုပြီးပတ်တီးစည်းထားလေသည်။

ငယ်ရွယ်တဲ့Yiboလေးကတော့ အဖြစ်ပျက်တွေကို ဘာမှနားမလည်နိုင်ပဲ ဒဏ်ရာတွေရလာတဲ့ Xiao Zhan နဲ့ Lan Yuu ကိုကြည့်ကာမျက်ရည်စို့နေလေသည်။

ထိုကလေးမျက်ရည်ဝဲနေပြန်တော့ Xiao Zhan ပြုံးလိုက်သေးသည်။

ညလယ်လောက်ရောက်တော့
Xiao Zhan ကအနာအရှိန်ကြောင့်အဖျားတွေတက်လာသည်။

"အင်း...ဟင်း..."

သိုပေမဲ့...သူ့စိတ်အာရုံထဲမှာ ဝိုးတဝါးပုံရိပ်သေးသေးလေးတစ်ခုက သူ့လက်တွေကိုကိုင်ပြီး နဖူးပေါ်ကိုလည်းရေဝတ်တင်ပေးနေသေးသည်။

ဖျားနေချိန်တိုင်း ဘေးနားမှာလူမရှိတဲ့
Xiao Zhan အဖို့ အိပ်မက်လို့သာထင်မြင်မိခဲ့တယ်။

"ချမ်း....ချမ်းတယ်..."

ချမ်းတယ်လို့ညည်းမိတော့ ထိုသေးသေးလေးက သူ့ကုတင်ပေါ်ကိုတက်လာကာ
စောင်အောက်ထဲအတင်းတိုးဝင်လို့
လက်ကလေးတွေနဲ့သိုင်းဖက်ထားလေသည်။

ပုံမှန်အသိစိတ်မရှိတဲ့ Xiao Zhan ကလည်းအိပ်မက်လို့သာထင်ပြီး သူ့ရင်ခွင်ထဲဝင်နေတဲ့အသေးလေးကို ပြန်ဖက်ထားခဲ့ပါတယ်။

မိုးလင်းလာချိန်မှာတော့ အဖျားကျသွားကာလန်းဆန်းစွာပင် Xiao Zhan နိုးလာသည်။

နိုးနိုးချင်း သူ့လက်တွေကိုခွကာအိပ်နေတဲ့
ကလေးကိုမြင်တော့ အံ့သြလွန်းပြီးကြောင်ကြည့်နေမိတယ်။

⚠ Call Me Baby ⚠Where stories live. Discover now