Ch-26

15.9K 1.2K 28
                                    

Unicode

Lan Yuu ပေးတဲ့ဆေးကတ်ကိုယူကာ အပေါ်သို့မြန်မြန်တက်လာလိုက်သည်။

အခန်းထဲကိုဝင်သွားတော့ Xiao Zhan က
ကျောပေးကာအိပ်နေလေသည်။
ကုတင်ပေါ်ကိုအသာယာလေးတက်သွားလိုက်ပြီး လက်ထောက်ကာ Xiao Zhan ကိုအုပ်မိုးလိုက်သည်။

ဘေးတစောင်းလေးအိပ်နေတဲ့ Xiao Zhan ရဲ့မေးရိုးတွေကထင်းလို့။ မျက်နာလည်းချောင်ကြနေသည် ။ လက်သေးသေး ၊ ခြေသေးသေးနဲ့ပိန်သွယ်တဲ့ခန္ဓာကိုယ်ကို Yibo သဘောမကျ ။ သေးလွန်းလှသည် ။ မဖြစ်သေးပါဖူး ။
ဦးဦးကိုဝဝဖြိုးဖြိုးလေးဖြစ်အောင် သူဂရုစိုက်ဦးမှပါ ။

Xiao Zhan ကနှစ်ခြိုက်စွာအိပ်မောကျနေသည်။
ပါးလေးကိုထိရုံနမ်းလိုက်တော့ မျက်မှောင်တို့ကကျုံ့သွားလေသည် ။

မွှေးတယ် ။ အခုချိန်ထိ သုံးလေးကြိမ် အတူတူနေပြီးသော်လည်း တစ်ခါမှပါးနှစ်ဖက်ကို မနမ်းရှိုက်ဖြစ်ခဲ့ ။

သဘောကျတာကြောင့် နောက်တစ်ကြိမ်ထပ်နမ်းဖြစ်သည် ။ ပါးကနေတဆင့် နှုတ်ခမ်းအောက်နားက မှဲ့နက်ကလေး ၊ နှုတ်ခမ်းသားတို့နဲ့ထိရုံလေးနမ်းဖြစ်သည်။

ပြီးတော့မျက်နာကချောင်ကျနေတာမို့
ထင်းထွက်နေတဲ့မေးရိုးသွယ်သွယ်လေး။

မေးရိုးတစ်လျှောက်ကိုနမ်းနေရင်းကနေ
ကိုယ်သင်းနံ့ရေးရေးရနေတဲ့ လည်ပင်းစပ်နားလေးကိုရောက်သွားတော့ စိတ်ကမထိန်းနိုင်ပြန်ဖူး။

လည်တိုင်တစ်လျှောက်ခပ်ဖွဖွနမ်းရင်း
လျှာနဲ့ယက်မိသည်။

Xiao Zhan နဲ့ပတ်သတ်ရင် အလိုဆန္ဒတွေကများလွန်းတယ် ။ အစပြုပြီးရင် အဆုံးမသတ်နိုင်တော့ဖူး။

အနည်းငယ်လှုပ်ရှားစပြုလာတဲ့ လက်ကိုYibo သူ့လက်နဲ့ဖိချပြီးချုပ်ထားလိုက်တယ်။

ချုပ်ထားတော့ သိပ်လှုပ်လို့မရတာမို့
Xiao Zhan ကဘေးစောင်းကနေ
ပက်လက်အနေအထား​ပြောင်းပြီး
အိပ်ကောင်းနေဆဲ။

အဲ့တော့မှပဲ Yibo က Xiao Zhan အပေါ်ကိုတက်လိုက်တယ်။ ခွထားလိုက်ပြီး နှုတ်ခမ်းတွေကိုစိုက်ကြည့်နေလေတယ်။

အနည်းငယ်ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေကို ဖိနမ်းလိုက်ပြီးလျှာနဲ့ထိတွေ့ပေးလိုက်တော့ စိုစိုလေးဖြစ်သွားသည်။

⚠ Call Me Baby ⚠Where stories live. Discover now