Ch-16

17.7K 1.5K 33
                                    

Unicode

Xiao Yung ရှိနေတဲ့တစ်လျောက်လုံး Yibo က Xiao Zhan နားကိုသိပ်မကပ်တော့ချေ။

တစ်ခါတစ်လေဒေါသထွက်အောင်မထိတထိလာလာစတာလေးကလွဲလို့။

Wang Yibo ကိုလွန်ခဲ့တဲ့ ဆယ်နှစ်က သူ့အနားကနေ ပမထုတ်ခဲ့ဖူးဆိုရင် ဒီကလေးက
အခုလိုဖြစ်နေပါ့မလား?​

ငယ်ငယ်ကလို လူချွဲလေးအဖြစ်နဲ့ကြီးပျင်းလာမှာလား?

ဒါဆိုငါအောက်မှာနေရမှာမဟုတ်ဖူး!

"Fuck! ဘာတွေလျောက်တွေးနေတာလဲ"

စိတ်ထဲကအတွေးညစ်တွေကို ခေါင်းခါထုတ်လိုက်ပြီး ရှေ့ကခွက်လေးကိုမော့လိုက်တယ်။

"ဦး...ဘာပြောလိုက်တယ်.."

"အာ..ဘာမှမဟုတ်ဖူး.."

Xiao Zhan ရဲ့ပေါင်ပေါ်မှာထိုင်နေတဲ့ Rey ဆိုသူကောင်လေးရဲ့ ခေါင်းကိုပုတ်ပေးကာ
ပြုံးပြလိုက်သည်။

Wang Yibo နဲ့တွေ့ရင်သာ အစွယ်ကျိုးနေတဲ့ကျားလိုဖြစ်သွားတတ်ပေမဲ့ တစ်ယောက်တည်းရှိနေချိန်မှာတော့ Xiao Zhan က တစ်ကောင်တည်းသောကျားပဲ!

"ဦးမလာတာကြာပြီနော်...အသစ်များတွေ့သွားတာလားလို့တောင်ထင်နေတာ..."

"ဟက်...ဦးကိုမျှော်နေတယ်ပေါ့.."

Xiao Zhan ကအဲ့လိုဆိုတော့ Rey ကရှက်ပြုံးလေးပြုံးလေသည်။

"တောက်! !"
Yibo ရဲ့တောက်ခေါက်သံကြီးကြောင့်ဘေးမှာထိုင်နေတဲ့ အပျော်မယ်လေးတောင် လန့်ပြီးထသွားသည်။

Xiao Zhan နဲ့ အကောင်တစ်ကောင်က ပွတ်သီးပွတ်သတ်တွေလုပ်နေတယ်။

လုပ်နေတာမှ Yibo ကိုတောင်မမြင်နိုင်အောင်ပဲ ။

အခုYibo ရဲ့စိတ်အခြေအနေက အနီရောင်အဆင့်။

နည်းနည်းလေးထိတာနဲ့ ပေါက်ကွဲတော့မှာ။

Yibo ကြည့်နေရင်းပင် Xiao Zhan ကထိိုကောင်ရဲ့လက်ကိုဆွဲကာ အနောက်ဘက်က အခန်းတွေဆီကိုခေါ်သွားလေပြီ။

စိတ်တွေညစ်လာရင် Rey ဆိုတဲ့ကောင်လေးဆီကိုသွားပြီးအပန်းဖြေတတ်တာ Xiao Zhan အကျင့်လိုဖြစ်နေပြီ။

သူတွဲနေတဲ့ကောင်လေးဆိုရင်လည်းမမှားဖူး။
တခြားသူတွေလို သူ့ကိုစိတ်ရှုပ်အောင်မလုပ်ပဲ သူလိုတဲ့အချိန်မှ ရောက်လာပေးတာမို့
အဆင်ပြေသည်။

⚠ Call Me Baby ⚠Where stories live. Discover now