Ch-38(Unicode)

10.9K 431 9
                                    

မုန်လာဥတွေနဲ့အရွက်အချို့ကိုလှီးချွတ်နေတဲ့ဓားသံတတောက် တောက် ကလွဲလို့ဘာသံမှမကြားရ။
တိတ်ဆိတ်လို့နေတယ်။

Xiao Zhan ကဟင်းကောင်းကောင်းချက်တတ်ပုံရတယ်။
လှုပ်ရှားနေတာများ မာစတာတန်းကစာဖိုမှုးတစ်ယောက်လိုပဲ။

"Zhan ကဟင်းကောင်းကောင်းချက်တတ်တာလား..."

"အင်း..."

မနေနိုင်မထိုင်နိုင် မေးမိတော့ပြန်ပြောတာက
အင်းတစ်လုံးထဲ။

"ကောင်းမှာရောသေချာလို့လား.."

"သောက်မြင်ကတ်အောင်လာမလုပ်နဲ့...
ငါချက်ပြီးရင်မြိုကြည့်...."

နားဝင်ဆိုးလိုက်တဲ့စကားတွေ။
Xiao Zhan ဆိုတဲ့အရိုင်းစိုင်းအဖိုးကြီးကို
ဆုံးမမဲ့သူမရှိတော့ဖူးလား။

Yibo နှာခေါင်းရှုံ့ကာငြိမ်သွားပြန်သည်။

မိနစ်အနည်းငယ်ကြာပြီးတော့ ချက်ပြုတ်တာလည်းပြီးသွားလေသည်။

ပူပူလောလော အငွေ့တစ်ထောင်းထောင်းထနေတဲ့ ဟင်းရည်အိုးလေးက Yibo ရဲ့အရှေ့ကိုရောက်လာသည်။

Xiao Zhan ကမေးဆတ်ပြပြီး လက်ထဲကို​ဇွန်းထိုးပေးတယ်။
ဟင်းရည်ကိုအနံ့လေးနည်းနည်းခံကြည့်လိုက်တယ်။
အင်း.....။ အနံ့ကတော့ရှယ်ပဲ။
အရသာကတော့ဘယ်လိုဖြစ်မလဲမသိဖူး။
ဟင်းရည်ကြည်လေးကို
ဇွန်းလေးနဲ့ခပ်ပြီး အရသာခံနေတဲ့ Yibo ကို
Xiao Zhan ကမျက်လုံးလေးပြူးပြီးကြည့်နေတယ်။

"အင်း..."

"ဘာအင်းလဲ...မကောင်းဖူးလား.."
Xiao Zhan ကဘေးကိုရောက်ချလာလေသည်။ မတ်တပ်ကြီးရပ်ပြီး ဝေဖန်ချက်ကိုစောင့်နေတယ်။

"Zhan လုပ်ပေးတာပဲမကောင်းစရာလား။
စားဖူးသမျှထဲ Zhan ချက်ကျွေးတာအကောင်းဆုံး"

Xiao Zhan ရဲ့ဂုဏ်ဆာသွားတဲ့မျက်နာကြီးကို Yibo သေသေချာချာကိုမြင်လိုက်ပါသည်။

မဖုံးနိုင်မဖိနိုင်ကြီးပြုံးစိစိဖြစ်နေတာ။
ဒါပေမဲ့...လောလောဆယ်Xiao Zhan ကိုထိုင်ကြည့်နေလို့မရ။
ခုနကကိစ္စကိုပြန်ဆက်ရမယ်။
ညဆိုသွားရတော့မှာ ၊ Xiao Zhan ကဒီတိုင်းကြီးလွှတ်လိုက်တော့မှာလား ။

⚠ Call Me Baby ⚠Where stories live. Discover now