Ch-29

14.4K 1.1K 67
                                    

Unicode

"Yibo..ကိစ္စဖြတ်လိုက်တော့! "

သိချင်တာသိရတော့ Xiao Zhan ကလက်ထဲကဓားလေးကို Yibo ဆီပစ်ပေးလိုက်တယ်။

"ဆေး..ရုံ.....အစ်.....အစ်..."

ချုပ်ထားတဲ့လူရဲ့ လည်ပင်းကိုနောက်ကနေ
လှီးဖြတ်ပစ်လိုက်တော့ ဆန့်ငင်ဆန့်ငင်ဖြစ်ကာငြိမ်ကျသွားသည်။

ဒလဟောစီးကျလာတဲ့သွေးတွေက မြေပြင်ပေါ်မှာ သွေးစီးကြောင်းလေးဖြစ်သွားသည်။

လည်ပင်းကထွက်လာတဲ့သွေးတွေက Yibo ရဲ့ suit ကိုလာပေတယ်။

"ကျစ်...ပေကုန်ပြီ"

Xiao Zhan က Yibo ရဲ့အကျီစကိုသေချာကိုင်ကြည့်ကာပြောလေသည်။

"ရတယ်...ချွတ်ထားလိုက်မယ်.."

"ဒါနဲ့..အဲ့ကောင်ကိုဘယ်လိုရလာတာလဲ"

"သူ့သခင်က ကျွန်တော်တို့ကိုစောင့်ကြည့်ဖို့ထားခဲ့ပုံပဲ ။ ဒီနားမှာဆေးလိပ်လာသောက်ရင်းတွေ့လို့ ချွေးသိပ်ထားလိုက်တာ"

Xiao Zhan ကခေါင်းငြိမ့်တယ်။

"အထဲပြန်မဝင်တော့ဖူး....အိမ်ပဲတန်းပြန်မယ်..လာ..."

Xiao Zhan က Yibo လက်ကိုဆွဲပြီးထွက်သည်။

...............

"Xiao Zhan!ဦးလေးXiao ရော.."

"အထဲမှာကျန်ခဲ့တယ်...ပွဲပြီးတဲ့ထိစောင့်ပေးလိုက်...."

ကားထိုးထားတဲ့နေရာကိုရောက်တော့ Lan Yuu ကိုပြောရသည်။

"အခြေအနေဘယ်လိုရှိလဲ
Xiao Zhan! "

"ရွှေရောင်နေ့ရက်တွေနီးလာပါပြီ"

ခပ်တိိုတိုအဖြေစကားကိုကြားမှစိတ်အေးသွားဟန်။

Lan Yuu ကိုထားခဲ့ပြီးကားယူကာ ခပ်သုတ်သုတ်ပင် ထွက်လာလိုက်သည်။

အနောက်ဘက်ကအလောင်းကို လုံခြုံရေးတွေမမြင်ခင် အမြန်ရှောင်မှတော်ကာကြမယ်။

အိမ်ကိုပြန်ရောက်တော့ Yibo ကရေအရင်ချိုးတယ်။

Xiao Zhan ကတော့ဆက်လုပ်ရမဲ့ကိစ္စအတွက် တွေးတောနေလေသည်။

"အနားယူတော့လေ.."

ရေချိုးခန်းထဲကပြန်ထွက်လာတဲ့ Yibo က
ရေစက်လက်ဆံပင်နဲ့ Xiao Zhan ဘေးကခုံမှာဝင်ထိုင်တယ်။ အော်...Yibo ကအခု
သူ့အခန်းမှာသူမနေတော့ အကြောင်းအမျိုးမျိုးပြပြီး Xiao Zhan အခန်းမှာလာကပ်နေလေသည်။

⚠ Call Me Baby ⚠Where stories live. Discover now