Ch-28

13.5K 1.2K 12
                                    

1 week later~~~~~

"Yibo ငါ့နားမှာပဲနေ...."

Club ထဲကိုမဝင်ခင် လေးလေးနက်နက်ကိုပြောလာတဲ့ Xiao Zhan ရဲ့စကားကြောင့်
Yibo အခုပတ်ဝန်းကျင်ကိုတောင်ဂရုမစိုက်နိုင် ။ Xiao Zhan နားမှာပဲကပ်နေလေသည်။

"Wang Yibo.... ပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်ဦး..."

Xiao Yung ပြောမှသာ အခုချိန်ကအရေးကြီးတယ်ဆိုတာ သတိရတယ်။

Xiao Zhan ရော Wang Yibo ရော black suit couple နဲ့ပွဲကိုလာတဲ့လူတွေရဲ့ အာရုံကိုအပြည့်အဝရထားသည်။

Club ဖွင့်ပွဲဆိုပေမဲ့ လူကုံထန်အသိုင်းဝိုင်းကြီးထဲက လူတွေ ၊ အကောင်ကြီးကြီး အမြှီးရှည်ရှည်တွေပါ တက်တဲ့ပွဲဖြစ်လို့ လုံခြုံရေးက
တင်းကြပ်လွန်းသည် ။

ဂုဏ်သရေရှိလူကြီးမင်းတွေက ဒီလိုပွဲမျိုးကို
မျက်နာပြောင်ပြောင်နဲ့ တက်ရလောက်တဲ့အထိ သတ္တိတော့မရှိကြပါဖူး။
မျက်နာဖုံးတွေကိုဝတ်ဆင်ကာ ဘယ်သူဘယ်ဝါမှန်းမသိရအောင် ပြင်ဆင်ပြီးမှတက်ကြသည်။

ပြောင်လက်နေတဲ့ကြမ်းပြင်တွေက မလင်းတလင်းမီးရောင်လေးနဲ့ မိမိုက်နေသည်။

Club က bar မှာဝင်ထိုင်လိုက်ပြီး ပိုင်ရှင်လာနှုတ်ဆက်တာကိုစောင့်နေလိုက်သည်။

ပိုင်ရှင်ကတခြားသူတော့မဟုတ်ဖူး ။

Yubin ရဲ့ညီမ Ziyi ပင်။

သူ့ညီမဆိုမှတော့ သေချာပေါက် Yubin လည်းတက်တာပေါ့။

ဒါပေမဲ့ခုထိတော့အရိပ်ယောင်မမြင်ရသေး။

"Zhan... ဟိုမှာ.."

Yibo ညွှန်ရာကိုကြည့်လိုက်တော့ ဟိုးဘက်ဝိုင်းကနေ သူတို့ကိုကြည့်နေတဲ့ လူနှစ်ယောက်။

Xiao Zhan ရဲ့နှုတ်ခမ်းတစ်ဖက်ကကော့တက်သွားသည်။

Xiao Yung ကဆိုတယ်။

"နောက်ဆုံးတော့ထွက်လာပြီပေါ့...."

Yibo လည်းထိုသားရေမျက်နာဖုံးအနက်ကိုတပ်ဆင်ထားတဲ့ လူကို အကဲခတ်နေလိုက်သည်။

ထောင်ထောင်မောင်းမောင်းနဲ့ တိကျတဲ့မေးရိုးတွေကထင်းနေသည်။

မျက်နာဖုံးအောက်မှာ အပြုံးတစ်ခုကလည်းမထင်မရှားပါသေးသည်။
သူတို့ဆီကိုလျှောက်လာနေသည်။

⚠ Call Me Baby ⚠Where stories live. Discover now