Ch-33

12.4K 1.2K 66
                                    

"ခင်...ခင်ဗျား...သေ...သေပါစေ.."

သွေးစွန်းတဲ့စကားတွေက သူ့နားထဲကိုအလိုလိုဝင်ရောက်လာတယ်။

နောက်ဆုံးအချိန်ထိ သူ့ကိုမုန်းတီးသွားခဲ့တဲ့ကောင်လေး ၊ သူမြတ်နိုးမိတဲ့ကလေးရဲ့ နှုတ်ကနေ သူ့ကိုသေစေချင်တယ်တဲ့။

ကလေးရယ် ။ လူကြီးကိုအဲ့လောက်တောင်မမုန်းနေခဲ့တာလား ။

ဟုတ်တယ် ။ လူကြီးကအတ္တအရမ်းကြီးတယ်။

လူကြီးကမကောင်းတဲ့လူတစ်ယောက်။

ဒါပေမဲ့....
ကလေးအပေါ်မှာ ကောင်းပေးချင်ခဲ့တာတော့ယုံပါ။

ကလေးကိုမဆုံးရှုံးချင်ဖူး။

အဖေလုပ်သူဆီမှာ အချစ်ဦးကိုဆုံးရှုံးရပြီး
သားလုပ်သူဆီမှာပါ ကလေးကိုထပ်ဆုံးရှုံးရမဲ့အဖြစ်ကိုကာကွယ်ချင်ခဲ့ရုံပါ။

မတရားတွေ ၊ တရားတာတွေထက် ကိုယ့်အနားမှာကလေးကိုရှိနေစေချင်ခဲ့တယ်။

ကိုယ်အတ္တသိပ်ကြီးသွားသလား ။

တစ်ပတ်လောက်သောအချိန်လေးအတွင်းမှာ ကလေးကကိုယ့်ကိုအတိတ်တွေဆီခေါ်သွားပေးတယ်။

ကိုယ့်နှုတ်ခမ်းမှာအပြုံးယဲ့ယဲ့ဖြစ်ထွန်းလာအောင်က​လေးလုပ်နိုင်ခဲ့တယ်။

အလိုမတူပဲယူခဲ့မိတဲ့ အသွေးသားတွေအတွက်လည်း တောင်းပန်ခွင့်ရှိသေးရင်
တောင်းပန်ချင်ပါသေးတယ်။

ဘယ်အရာတွေကသူ့ကိုဒီလိုမျိုးတွေဖြစ်အောင်ပြုစေခဲ့တာလဲ။
အရမ်းချစ်ရတဲ့ချစ်သူကိုလုယူခံလိုက်ရလို့လား။

မှားမှန်းသိလည်းဆက်မှားနေဆဲပဲ။
ဘာလို့ သူချစ်မိတဲ့သူတွေက သူ့ထက်စောစောထွက်ခွာသွားကြတာလဲ ။
ဘာလို့သူကမကောင်းတဲ့လူအဖြစ်နဲ့
တစ်ယောက်တည်းကျန်ရစ်ခဲ့ရတာလဲ။

သူ့အမှားပဲရှိပြီး သူ့ကိုဒီလိုဖြစ်အောင်လုပ်တဲ့သူတွေကရော မှန်နေခဲ့သလား။

ဗီလိန်ဆိုထဲက အဆုံးသတ်ကတော့ ဘယ်လှပါ့မလဲလေ ။

.......................

Xiao Zhan ပင်ပန်းလွန်းလို့ ဆိုဖာပေါ်မှာပင်
နှစ်ခြိုက်စွာ အိပ်ပျော်နေသည်။

⚠ Call Me Baby ⚠Where stories live. Discover now