Ch-14

21.5K 1.6K 29
                                    

Unicode

ဒေါသတွေဖြေလို့ပြီးချိန်မှာတော့
Xiao Zhan ဆုံးဖြတ်ချက်ချလိုက်တော့တယ်။

Wang Yibo သာဒီကိစ္စကိုထပ်စမလာခဲ့ဖူးဆိုရင် သူကျော်သွားရတော့မယ်။

ဒေါသတွေသေမလောက်ထွက်နေလည်း
အဲ့ကောင်လေးကိုသူ့ဘက်ကလုပ်နိုင်တာဘာမှမရှိဖူး။

ဆုံးမချင်တိုင်းဆုံးမရအောင်လည်း သူ့မှာတခြားအကြောင်းပြစရာမရှိ။ ဆေးမိနေတဲ့ Xiao Zhan ကိုသူ့ထက်၁၃နှစ်လောက်ငယ်တဲ့ကလေးက တက်လုပ်သွားပါတယ်ဆိုတာ
တကယ်ကိုကြားမကောင်းတဲ့ကိစ္စ။

စုပ်လည်းဆူး ၊ စားလည်းရူး ဆိုသလိုပဲ
ဆူးလည်းမဆူးအောင် ၊ ရူးလည်းမရူးအောင်
သွားမထိတာပိုကောင်းမယ်လို့ဆုံးဖြတ်လိုက်တယ်။

ဒါပေမဲ့..အခွင့်ကြုံတဲ့တစ်ချိန်ကျရင်တော့
မင်းကောင်းကောင်းကြီးပြန်ခံစားစေရမယ် ။

Wang Yibo မလောက်လေးမလောက်စားသောက်ကလေးစုတ်!

စိတ်ကိုလျော့ချပြီးအိပ်လိုက်ဖို့ရာက ဘယ်လိုမှမဖြစ်နိုင်ဖူး ။ သူသာအဲ့နေ့ကအောက်ကနေမခံခဲ့ရဖူးဆိုရင်တောင် ဒေါသထွက်မိမယ်မထင်။

အိပ်ဆေးသောက်ချလိုက်ပြီး လဲလှောင်းလိုက်မှပဲ မှေးခနဲအိပ်ပျော်သွားတော့သည်။

.........

အိပ်နေရင်းနဲ့လူကလှုပ်ချင်တိုင်းလှုပ်လို့မရတော့ နိုးလာသည်။

"ချလွမ်.."

လက်နှစ်ဖက်ကို လှုပ်လိုက်​တော့ လက်ကောက်ဝတ်မှာ အေးစက်နေတဲ့သံကွင်းတွေကနေရာယူထားလို့ တချွင်ချွင်နဲ့အသံတွေထွက်ကုန်တယ်။

မှောင်နေတဲ့အခန်းထဲမှာ သူ့လက်တွေ ၊ ခြေထောက်တွေကလှုပ်လို့မရ ။

သံကြိုးတွေနဲ့တုပ်နှောင်ထားလေသည်။

ဘာတွေလဲ! အခုတလော Xiao Zhan ကံမကောင်းဖူး ။ ထိတ်လန့်စရာတွေ သူ့ဆီရောက်ရောက်လာတယ်။

"ဘယ်သူလဲ......"

ကုတင်ခြေရင်းမှာ ကျောပေးကာထိုင်နေတဲ့လူတစ်ယောက်။ အောက်ပိုင်းကိုတဘက်လေးတစ်ထည်သာအုပ်ထားပြီး အငွေ့တလူလူထွက်နေပုံအရ ဆေးလိပ်သောက်နေပုံရတယ်။

⚠ Call Me Baby ⚠Where stories live. Discover now