Ch-35

12.5K 1.1K 26
                                    

Unicode

အဲ့နေ့ညက Xiao Zhan ကတံခါးကိုပိတ်ထားပြီးဘယ်သူ့ကိုမှအဝင်မခံခဲ့ဖူး။

နောက်တစ်နေ့ကူးပြီးညရောက်တော့မှ အိမ်ထိန်းကြီးကိုအရက်သောက်ဖို့ပြင်ခိုင်းတယ်။
တံခါးဖွင့်ပြီးအရက်တောင်းတယ်ကြားတာနဲ့
Yibo အပေါ်ထပ်ကိုသာအမြန်ပြေးလာလိုက်တယ်။

"Wang Yibo..."

Xiao Zhan ဆီကိုသွားနေတုန်းကြားလိုက်ရတဲ့ခေါ်သံက Xiao Yung ဆီက။
Xiao Yung ကတော့တစ်နေ့လုံး ၊ တစ်ညလုံး
အောင်ပွဲခံပြီးမှအိမ်ကိုပြန်ရောက်သည်။
ဘယ်လိုပဲသေသေ ၊ သူ့အကိုအတွက်လက်စားချေနိုင်သည်မို့ စိတ်ကျေနပ်နေပုံရသည်။

"လက်စသေချာဖျောက်ပြီးပြီလား..."

"ဦး​လေး Lan Yuu ကိုသေချာလုပ်ခိုင်းထားတယ်"

Yibo က​ပြောပြီးတာနဲ့သွားဖို့လုပ်တော့လက်ကိုဆွဲထားပြန်တယ်။

"ဘယ်လိုဖြစ်လို့လောနေတာလဲ...ငါပြောလို့မပြီးသေးဖူး..."

"ကျစ်..မြန်မြန်ပြောဗျာ..."

Yibo စိတ်မရှည်တော့ချေ ။

"မင်းကိုဝရမ်းထုတ်ထားကြတာသိတယ်မလား...မင်းအမြန်နိုင်ဆုံး U.S ကိုပြန်ရင်ကောင်းမယ်...."

Xiao Yung ရဲ့စကားကြောင့် Yibo မျက်နာမှာအလိုမကျမှုတွေအထင်းသား။ မပြန်ချင်ဖူး။ ဖြစ်နိုင်ရင် Xiao Zhan အနားကနေဘယ်ကိုမှမခွာချင်တာ။

"မင်းနဲ့ Xiao Zhan ရဲ့ဆက်ဆံရေးကိုငါသိတယ် Wang Yibo ။ အဲ့လောက်လည်းရုပ်ပျက်မနေနဲ့....မင်းXiao Zhan ကိုဖြောင်းဖြပြီး U.Sကိုခေါ်သွားနိုင်ရင်ခေါ်သွားလို့ရတာပဲ..မဟုတ်ဖူးလား.."

Xiao Yung သူ့ကိုလှောင်နေတာအသိသာကြီး။ Xiao Zhan ကသူ့နောက်ကိုလိုက်မယ့်လူမျိုးလား ။ ဝေးသေး ။ ဒီနိုင်ငံမှာနေလို့ရမဲ့နည်းလမ်းကိုအသည်းသန်စဥ်းစားတာက ပိုလွယ်လိမ့်မယ် ။

"ဒါပဲမလား...ကျွန်တော်သွားလို့ရပြီလား.."

"သွားသွား...အလိုရှိရာကိုသွားလို့ရပြီ.."

Xiao Yung လက်ကလွတ်မှပဲ အပေါ်ကိုမြန်မြန်တက်လာလိုက်သည်။

ဆိုဖာခုံကိုမှီကာ ယစ်မူးစေသောအရည်တစ်ချို့ထည့်ထားတဲ့ခွက်လေးကိုကိုင်ကာ ဖန်သားပြင်ထက်က လှုပ်ရှားနေတဲ့ပုံရိပ်တစ်ချို့ကိုကြည့်နေသည်။

⚠ Call Me Baby ⚠Where stories live. Discover now