Unicode
အဲ့ညကအတူတူနေပြီးတော့ Yibo ကတစ်ပတ်လောက်ပျောက်သွားတယ်။
Xiao Zhan ထင်လိုက်တာက Xiao Yung နဲ့အတူပြန်ပါသွားပြီလို့ထင်နေတာ။
စိတ်ထဲလည်းပေါ့ထွက်သွားတယ်။
"ဦး...ဘာတွေတွေးနေတာလဲ"
Rey အသံကိုကြားမှသတိဝင်သည်။
ဆေးရုံကဆင်းလာတဲ့ Rey ကိုခနလာကြည့်တာဖြစ်သည်။"ဘာမှမတွေးပါဖူး...နားတော့..ဦးပြန်တော့မယ်"
"ဟုတ်"
Rey ကလိမ်လိမ်မာမာပဲခေါင်းငြိမ့်ပြလေသည်။
Rey ပုံစံကိုမြင်တော့ Yibo ငယ်ငယ်ကပုံစံကိုတောင်သွားသတိရမိသည်။
ငယ်ငယ်က Yibo လေးကတော့ချစ်ဖို့ကောင်းပါတယ်။
အခုကတော့....အင်းးးး...သောက်ခွက်ကြီးပဲပိတ်ရိုက်ပစ်ချင်တယ်။
ဦးပြန်သွားတော့ ဦးကိုတိုက်အောက်ထိလိုက်ပို့ရင်း အထဲပြန်မဝင်တော့ပဲ လေကောင်းလေသန့်ရှုဖို့ လမ်းလျှောက်ထွက်လိုက်တယ်။
"အာ့...သေပါပြီ! "
"ကလေး..ရရဲ့လား.."
မော့ကြည့်လိုက်တော့ ဦးလေးကြီးတစ်ယောက်!
"ရပါတယ်...အဖိုး..ဘာမှမဖြစ်ပါဖူး.."
Ming Gu နင်သွားသည်။
ကလေးအရွယ်ကောင်လေးတစ်ယောက်
ချော်လဲသွားလို့ အဆင်ပြေလားမေးကြည့်တာကို ပြန်ဖြေတာက ရပါတယ် အဖိုးတဲ့လား။ကောင်လေးကိုကြည့်ရတာလည်း ၁၈ ၁၉ လောက်လေးပါ။ ကိုယ့်အသက်ကလည်းအခုမှ ၅၀ကိုမဆိုသလောက်လေးကျော်သေးတာကို အဖိုးတဲ့လား။
Ming Gu အတွေးများနေတုန်း Rey ကတော့ထွက်သွားလေပြီ။
အိုပေမဲ့စွမ်းပါသေးတယ်ကွာ။
ရုပ်ကလည်းအရမ်းကြီးမကျသေးပါဖူး။
နုလွန်းလို့ ၄၀လောက်ပဲထင်ကြတာ။
မင်းနဲ့တွေ့မှ အဖိုးဖြစ်ရတယ်လို့။~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"မင်းဘာလုပ်နေတာလဲ! "
အိမ်ကိုပြန်ရောက်ရောက်ချင်းပဲ အပေါက်ဝမှာထိုင်နေတဲ့ Yibo နဲ့တိုးတယ်။ သူက U.S ကိုပြန်မလိုက်သွားဖူးလား!
YOU ARE READING
⚠ Call Me Baby ⚠
Fanfiction(Eighteen plus alert ⚠) Zawgyi +Unicode "မင်းကို...ငါသတ်ပစ်မယ်...ခွေးကောင်" "Babyလို့ခေါ်ပါဦး... Zhanရဲ့" "မင်းကို...ငါသတ်ပစ်မယ်...ခွေးကောင်" "Babyလို့ခေါ်ပါဦး... Zhanရဲ့" Start Date - 10.8.2020 End Date - 5.9.2020 #PHOEJUNE ♥