Ch-22

15.4K 1.4K 75
                                    

Unicode

"Xiao Zhan!!!"

Lan Yuu ရဲ့အသံနဲ့အတူ Xiao Zhan ဆီကိုကျည်ကတန်းတန်းမတ်မတ်ပြေးဝင်လာလေသည်။

မြန်ဆန်လွန်းတဲ့ အဖြစ်ပျက်ကြောင့်
ရှောင်ဖို့အချိန်မရလိုက်!
ပြီးတော့တစ်​ယောက်ယောက်ကသူ့ကိုတွန်းထုတ်လိုက်တယ်။

"Yibo!"

ယိုင်ကျသွားတဲ့ Yibo ကြောင့် ​အမြန်ဆုံးသူ့ကိုLan Yuu ကဝင်ထိန်းတယ်။

Yibo ရဲ့လက်မောင်းတစ်လျှောက်ကနေ
စီးကျလာတဲ့သွေးတွေ။

ထိုသွေးတွေကိုYibo ကမမှု ၊ Lan Yuu ကိုတွန်းဖယ်ကာ ပစ်လိုက်တဲ့ကောင်ဆီကိိုသွားလေသည်။

"ဘုန်း...အင့်.."

လဲကျနေတဲ့အဲ့ဒီ့လူကို Yibo ကခြေထောက်နဲ့အချက်ပေါင်းများစွာကန်သည်။

မြော့မြော့ပဲကျန်တဲ့ လူက Yibo ရဲ့ကန်ချက်တွေကြားအသက်ပျောက်သွားလေပြီ။

"ခွေးမသားး...Xiao Zhan ကိုမထိနဲ့! "

Yibo ရဲ့ပုံစံကတကယ်ကိုထိတ်လန့်စရာ ၊
သွေးတွေစွန်းပေနေပြီး ဒေါသကလည်းထွက်နေသေးတယ်။

ထိုလူရဲ့ဘေးမှာထိုင်ချလိုက်ပြီး အကျီကော်လံကိုဆွဲကာ အချက်ပေါင်းများစွာထိုးလေသည်။

သေပြီးသားလူကို အသဲမဲထိုးနေတဲ့Yibo ကို
ဘေးမှာရပ်ကြည့်နေတဲ့ လူတွေလည်းဘယ်သူမှဝင်မတား။

Xiao Zhan ကိုယ်တိုင်တောင် အံ့သြကာကြည့်နေမိသည်။

Yibo ရဲ့မျက်နာထက်မှာသွေးတွေကမြင်မကောင်း ။

လက်ဆစ်တွေလည်းပေါက်ပြဲနေပြီ။

"Yibo...တော်တော့..ငါဘာမှမဖြစ်ဖူး.."

ထပ်ထိုးမဲ့ လက်တို့ကို Xiao Zhan ကဝင်ဆွဲမှပဲရပ်သွားကာ လှည့်ကြည့်လာသည်။

"ဦးဦး~~~"

ထိုနာမ်စားကိုခေါ်ပြီး Xiao Zhan ရင်ခွင်ထဲသို့တန်းတန်းမတ်မတ်ပစ်ကျသွားလေတယ်။

"Yibo...Yibo..."

"အင်း...နာတယ်!"

Yibo မေ့မသွားတာသိရမှပဲ ဒဏ်ရာရနေတဲ့
Yibo ကိုချီပိုးလိုက်ကာ နောက်လိုက်တွေရဲ့
အကာကွယ်နဲ့ Blank ထဲကအမြန်ထွက်ရသည်။

⚠ Call Me Baby ⚠Where stories live. Discover now