(Unicode)
နှောင်ဖွဲ့လေသောသစ္စာ (သို့မဟုတ်)ကျိန်စာ
Part(11)***မမြင်ရတဲ့ ဆူးခက်သစ်တောရဲ့ အရှင်သခင်နှင့် အမှောင်ယံထဲက ခြောက်ခြားဖွယ်ရာ လက်တစ်စုံက ကြာပန်းလေးကို ခိုးယူခြင်း***
...မနက်ခင်း နေခြည်နွေးနွေးက ရှီလာတောင် တစ်ဝိုက်ကို အလင်းတန်းဖြာကျကာ ရောင်ဝါအလင်းတန်းနဲ့ နေ့စဉ်တာဝန်ကို တာဝန်ကျေစွာ စတင်ထမ်းရွက်လေပြီ....အုံးစက်ရာ သလွန်တော်ပေါ်က နှစ်ဦးကတော့ အိမ်မက်ကမ္ဘာမှ မနိုးထနိုင်ကျသေးပေ...ရှေးဦးစွာ လူးလွန့်နိုးလာတာက ဝမ်ရိပေါ်....နိုးနိုးချင်း မျက်စိရှေ့က တစ်စောင်းအနေထားလှဲလျက်သား အိပ်နေသူဆီ မျက်ဝန်းအကြည့်က တန်းရောက်သည်..... ထူတန်းနေတဲ့မျက်ခုံးတွေ စုကျုံ့ထားသောကြောင့် အတွေးထဲတောင် ဘာကိုအလိုမကျဖြစ်နေသည် မသိ....လက်တစ်ဖက်က အသာမြောက်တက်သွားကာ ညှင်ညှင်သာသာလေး စုကျုံ့နေတဲ့ မျက်ခုံးတန်းနားကို အသာဖိနှိပ်ကာ ဖြေလျော့မိသားဖြစ်သွားသည်....အာ...ဒုက္ခပါပဲ စိတ်ထက်လက်ကမြန်တာလဲ....လက်ကိုအမြန်ပြန်ရုတ်လိုက်တုန်း ဖျတ်ခနဲဖမ်းဆုပ်ခံလိုက်ရသည်...သေပြီ...မိုရမ်နိုးသွားပြီ....မျက်စိပြူးပြူးနဲ့ပဲ မသိချင်ယောင်ဆောင်ကာ တည့်တည့်ကြည့်လိုက်တယ်...မမေးနဲ့နော် မမေးနဲ့ ဘာလို့လက်နဲ့လာထိတာလဲလို့...လူကခိုင်းတာမဟုတ်ဘူး လက်ကသူ့ဘာသာမြောက်တက်သွားတာ....
"နိုးနေပြီလား.....ကိုယ်နိုးလာတာနောက်ကျသွားတယ်..." ပြူးပြူးလေးဖြစ်နေတဲ့မျက်ဝန်းတောက်တောက်လေးတွေက သူ့စကားသံကြားမှ နေရအဆင်ပြေသွားသလို တဖြည်းဖြည်း မျက်လုံးလေးတွေပါပြုံးလိုက်လာသလို အမူအယာလေးဖြတ်ပြေးသွားသည်....နှုတ်ခမ်းပါးလှလှလေးတွေကပြုံးစိစိနဲ့မို့ သူလုပ်တာ မိုရမ်မသိဘူးဆိုတဲ့ပုံစံလေးနဲ့ ကျိတ်ပျော်သွားတဲ့ဟန်လေး...အင်း...မနက်ခင်းမှာ နတ်သုဒ္ဓါမစားပဲ အရသာအကုန်ပြီးပြည့်စုံပြီး ဗိုက်တင်းတယ်ဆိုတာ ဒီလိုခံစားချက်မျိုးဖြစ်မယ်....ဝမ်ငယ်တစ်ယောက် သူ့မျက်ခုံးတွေကို လာထိတည်းက သူသိတယ်....အကျင့်လိုဖြစ်နေတဲ့ လက်တွေက တစ်ဖက်ကလက်ကောက်ဝတ်အိအိလေးကို ဖမ်းဆုပ်မိလျက်သား.....သူနိုးနေကြောင်းသိသွားပြန်ရင်လဲ ရှက်ရွံ့သွားဦးမည် ....သူ့အပေါ်ကို ရင်းနှီးသလိုလေး ပြလာတာဝမ်းသာစရာအခြေနေပဲလေ.....
YOU ARE READING
နှောင်ဖွဲ့လေသောသစ္စာ(OR)ကျိန်စာ (Complete)
FanfictionPart(1) to (10) ကအောက်မှာရှိပါတယ်နော် ရှေးခေတ်နဲ့ယခုခေတ်ရောရေးထားတဲ့ fic ကလေးပါ Zhanyi ပုံစံလေးပါရှင် 💞မင်းကို ကိုယ့်အနားမှာရှိဖို့အတွက်ကြိုးပေါင်းများစွာထဲကမှ အခိုင်ခံ့ဆုံးသော သစ္စာမေတ္တာကြိုးလေးနဲ့ကိုယ်ချည်နှောင်မယ်ရိပေါ် ဘယ်ဘဝမှာပဲရှိနေနေ ကို...