Part-29

951 95 1
                                    

(Unicode)

👣လွမ်းမောဖွယ်နေ့ရက်ရှည်ခရီးနှင့်ထပ်တူညီသောအချစ်ည🌙

"ကြာပန်းအရှင်"

"ကြင်ယာတော်ရှင်းအာ...အရေးကြီးကိစ္စများရှိလို့ လား"

"ဟင့်အင်း...မရှိပါဘူး...အရှင်က ရှင်းအာဆီမလာဘူးလေ...ရှင်းအာကတစ်ယောက်တည်းပျင်းလွန်းလို့ ကြာပန်းသခင်လေးနဲ့စကားပြောရအောင်လာခဲ့တာပါ.."

"တောင်းပန်ပါတယ်"

"ဟင်..ဘာကိုလဲ ကြာပန်းအရှင်"

"ကျွန်တော့်ကြောင့် ကြင်ယာတော်ရှင်းအာ..စိတ်အနှောင့်အယှက်ဖြစ်ရပြီ...တစ်ကယ်ကိုအားနာမိရပါတယ်"

"အော်..ရပါတယ် ကြာပန်းအရှင်...အရှင်မိုရမ်က အစတည်းကကျွန်မအပေါ်မှာ အမြဲသွေးအေးတဲ့သူပါ...ကျွန်မကျင့်သားရနေပါပြီ...တစ်ခုပဲတောင်းဆိုချင်တာပါ...ကြာပန်းအရှင်လေးဆီလာတဲ့ ရက်တွေမှာ တစ်ချို့နေ့ရက်တွေကို ရှင်းအာရဲ့နန်းဆောင်ဆီအရှင့်ကိုအလည်လာဖို့ ကူညီပြောပေးပါဦးနော်..."

....သူမမျက်နှာက အခုဆိုတော်တော်သနားချင်စဖွယ်ဖြစ်နေမှာ ခန့်မှန်းမိသည်...မုန်းတယ်...ကိုယ်ချစ်သူရဲ့ဂရုစိုက်မှု့ကို မျှဝေပြောယူရလောက်အောင်ထိ တောင်းဆိုနေရတဲ့ဒီအဖြစ်မျိုးကိုတစ်ကယ် ရွံရှာမုန်းတီးတယ်...သူမလိုမိန်းကလေးထက် အမျိုးသားတစ်ယောက်ကို ကဲကဲလှုပ်ချစ်ပြတဲ့ မိုရမ့်ကိုလဲမုန်းချင်တယ်...ဟန်ဆောင်ကာရံပြုံးထားပေမယ့် ကြာပန်းအရှင်နားကိုအယုံသွင်းကပ်ဖို့ကလွယ်မည်မဟုတ်...မိုရမ်ကအမြဲအနားမှာရှိနေတာ...နင် အပိုင်စီးထားတာကို လာတောင်းပန်နေရင်လဲ အခါနှောင်းသွားပြီ ကြာပန်းအရှင်....အစတည်းကနင်ဆိုတာ မိုရမ်နဲ့ထိုက်တန်တဲ့သူမဟုတ်ဘူး...ရင်ထဲမှာထိုးနှက်ချင်တဲ့စကားလုံးတွေ ပြည့်ကျပ်နေပေမယ့် အပေါ်ယံကတော့ချိုမြနေတဲ့မျက်နှာဖုံးကိုတပ်ဆင်ထားတာမို့ သူမရဲ့ရည်ရွယ်ချက်ကိုမရိပ်မိလောက်ဘူးထင်...။

"အဲ့လိုပြောစရာမလိုပါဘူး ကြင်ယာတော်ရှင်းအာ...အရှင်က ကျွန်တော်တို့နှစ်ယောက်လုံးရဲ့ကြင်ဖက်ပါ...အရှင့်ကို သခင်မရှင်းအာလဲပိုင်ဆိုင်ခွင့်ရှိပါတယ်.."

နှောင်ဖွဲ့လေသောသစ္စာ(OR)ကျိန်စာ (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ