နှောင်ဖွဲ့လေသောသစ္စာ (သို့မဟုတ်)ကျိန်စာ
Part(9)***ရေကန်ဘေးက ကျောက်ဆစ်ခုံမှကြည်နူးဆွတ်ပျံ့ဖွယ်ည***
…..မနက်ဖြန်ဆို သူတို့ရဲ့နတ်ပိုင်နယ်နမိတ်စည်းမျဉ်းထဲမှာ ကြာပန်းသခင်ပျောက်ရှာပုံတော်ဖွင့်ကြတော့မည်…သူ ဘယ်အချိန်ထိ ဤလူသားလေးကို ဖွက်ထားနိုင်ပါအံ့နည်း….တစ်ကယ်လို့ သူ့ကိုချစ်မြတ်နိုးလာလို့ လိုလိုချင်ချင် ထိုလူသားလေးကပါ တစ်ခြားသော သူများရှာမတွေ့နိုင်အောင် ကူပုန်းပေးရင်တော့  တစ်မျိုးပေါ့လေ …သိုပေသည့် အနှီလူသားလေးက သူ့ရင်ခွင်ကနေအမြဲလွတ်အောင် နည်းလမ်းကိုကြိုးစားရှာဖွေနေတာ သူမသိပဲနေမလား…..ညအမှောင်ယံထုက အလင်းဝေဖြာထုတ်လွှတ်ပေးနေတဲ့ စန္ဒာလမင်းရဲ့ အလင်းကိုဖြင့် မှေးမှိန်ပျောက်ကွယ်သွားအောင် မဝါးမြိုနိုင်ပေ…..ရေကန်နားလေးက သူဖန်တီးပြုလုပ်ပေးထားတဲ့ သလင်းကျောက်ခုံလေးပေါ်မှာ ငွေမှင်ရောင်ပုံရိပ်လေးက တိတ်ဆိတ်ငြိမ်သက်စွာရှိနေသည်….ခြေလှမ်းတွေက စိတ်စေစားရာထက် ပိုမိုမြန်ဆန်ကာ ထိုပုံရိပ်သွင်လေးဆီလှမ်းနေပြီလေ….ကြာပန်းတွေနဲ့လှပတဲ့ရေကန်လေးနားမှာ လမင်းကိုမော့ငေးပြီး တစ်စုံတစ်ရာတွေးတောနေတဲ့ အသွင်သဏ္ဍာန်က ကျောက်ဆစ်ရုပ်သွင်အလှထုထားသလို ရှုမငြီးစရာပင်….အဘယ်မျှအတွေးထဲနစ်မြုပ်နေသည်မသိ သူအနားကိုရောက်တာတောင် မသိသေးပေ….ငြိမ်သက်နေတဲ့ကျောက်ဆစ်ရုပ်ကလေးကို နောက်ဖက်ကနေငုံ့ကိုင်းကာ အသာဖွဖွဖက်ရင်း ပခုံးသားပြေပြေလေးပေါ် သူ့ရဲ့ဦးခေါင်းကိုမှီချလိုက်သည်……ရုတ်တရက်နောက်ကျောဖက်မှ မပြောမဆို အထိအတွေ့ကြောင့်ဆတ်ခနဲ တုန်ယင်သွားပေမယ့် ထိုသူကမည်သူဆိုတာကို လှည့်မကြည့်ပဲသိသွားပြီးနောက် လေသံတိုးတိုးလေးထွက်လာတော့တယ်…..
“အရှင်….အနားမယူသေးဘူးလား….”
“ဟင့်အင်း….ကိုယ်အိပ်စက်လိုက်ရင် နိုးထလာတဲ့အခါ မင်းမရှိတော့ရင် ဘယ်လိုလုပ်မလဲ…အဲ့လိုမျိုးကြုံတွေ့ရမှာကို ကိုယ်ကြောက်တယ်….”
“အရှင်က စိုးရိမ်ပူပန်နေတာပဲ….ကျွန်တော်ဘယ်မှမသွားပါဘူး….ကျွန်တော်ထွက်ပြေးလဲအရှင့်လက်ကမလွတ်နိုင်ပါဘူး…ဟုတ်တယ်မလား….”
![](https://img.wattpad.com/cover/234670015-288-k829065.jpg)
YOU ARE READING
နှောင်ဖွဲ့လေသောသစ္စာ(OR)ကျိန်စာ (Complete)
FanfictionPart(1) to (10) ကအောက်မှာရှိပါတယ်နော် ရှေးခေတ်နဲ့ယခုခေတ်ရောရေးထားတဲ့ fic ကလေးပါ Zhanyi ပုံစံလေးပါရှင် 💞မင်းကို ကိုယ့်အနားမှာရှိဖို့အတွက်ကြိုးပေါင်းများစွာထဲကမှ အခိုင်ခံ့ဆုံးသော သစ္စာမေတ္တာကြိုးလေးနဲ့ကိုယ်ချည်နှောင်မယ်ရိပေါ် ဘယ်ဘဝမှာပဲရှိနေနေ ကို...