💧တိတ်တခိုးနှုတ်ဆက်ခဲ့ပါတယ်ရှန်ဂရီလာ💧
တောင်ရဲ့ဆင်ခြေလျောအတိုင်း နှင်းလျောယာဉ်က အရှိန်နဲ့ပြေးလွှားနေ၏…အတက်ထက် အဆင်းကပိုမြန်သည့်ထုံးစံအတိုင်း အတက်တုန်းကကင်းစခန်းကို တစ်နာရီစာခန့်မောင်းတက်ခဲ့ရသော ယာဉ်က..ယခုတော့ဆင်ခြေလျောအတိုင်း အမြန်နှုန်းနဲ့ဆင်းနေသည်မှာ ရေခဲတောင်အဝင်စခန်းဖြစ်သော ကင်းစခန်းကိုပင်မီးရောင်မှိန်မှိန်နှင့်လှမ်းမြင်နေရပေပြီ….တောင်ဆင်းကပိုမြန်သည်ဆိုသော်ငြားလဲ ခြေဖြင့်သာဆင်းပါက အနည်းဆုံးမိုးလင်းမှရောက်နိုင်ပေမည်…တောင်ခြေကင်းစခန်းဝင်ပေါက်ကို နီးနီးကပ်ကပ်မြင်လာရလေ ရှိန်းရဲ့ရင်တွင်းအပူလုံးကလျော့ပါးလာရလေပင်….ဟူး..ဒီနယ်မြေကနေသူထွက်နိုင်တော့မှာပါ…။
“အားလုံးပဲ…ပျော်ရွှင်တဲ့ခရီးလေးဖြစ်ခဲ့ပါရဲ့လား”
နှင်းလျောစီးယာဉ်က သူ့ရဲ့ယာဉ်ဝင်ပေါက်အတိုင်း သတ်မှတ်ယာဉ်လမ်းကြောင်းမှာ ထိုးစိုက်လိုက်သည်နှင့် တာဝန်ကျဝန်ထမ်းလေးရဲ့ ပျူငှာနှုတ်ဆက်စကားကိုစတင်ကြားရ၏….ရှိန်းကတော့ ပျော်ရွှင်ခဲ့ရသည့်ခရီးမဟုတ်ခဲ့၍ မပျော်ဖူးလို့တော့မပြောချင်ပေ…ထို့ကြောင့်အလိုက်သင့်လေးပဲပြန်ဖြေပေးမိသည်…။
“ဟုတ်ကဲ့…ပျော်ရွှင်ခဲ့ရပါတယ်ခင်ဗျာ…ဝန်ဆောင်မှု့တွေအတွက် တစ်ကယ်ကျေးဇူးပါ..”
“ခုလို စိတ်အပန်းပြေစေလို့ ကျွန်တော်တို့ရဲ့ရေခဲတောင်တက်အပန်းဖြေစခန်းက ပျော်ရွှင်မိပါတယ်….နောက်ထပ်လဲအခါခွင့်သင့်ရင် လာလည်ဖို့ဖိတ်ခေါ်ပါရစေ..”
ဧည့်ဝတ်သလ္လာစကားကိုသာ ခေါင်းအသာညိတ်ပြရင်း ကိုယ်စီခရီးဆောင်အိတ်တွေလွယ်ကာ အပန်းဖြေစခန်းဝင်ပေါက်ကနေထွက်လာခဲ့လိုက်သည်…အခါခွင့်သင့်တောင်ဘယ်သောမျှလာမလည်တော့ပါဟု ရှိန်းတစ်ယောက်စိတ်ထဲကသာ ရေရွတ်မိလျက်…အခုတောင် အပြေးကောင်းလို့ဘာမှထပ်မဖြစ်ပဲပြန်ရောက်လာခြင်းလေ…လူအားလုံးစုံရင်သာ ဒီတိဗက်ပြည်ကနေအမြန်ပြန်ထွက်ခွာဖို့သာတာဆူနေမိသည်….အမြန်ဆုံးတရုတ်ပြည်ကနေပြန်ထွက်ခွာရမည်….ဘာမှန်းမသိတဲ့အန္တရာယ်ကိုဖြင့်ထိုင်စောင့်ပြီးသူမသေချင်ပါ….။
DU LIEST GERADE
နှောင်ဖွဲ့လေသောသစ္စာ(OR)ကျိန်စာ (Complete)
FanfictionPart(1) to (10) ကအောက်မှာရှိပါတယ်နော် ရှေးခေတ်နဲ့ယခုခေတ်ရောရေးထားတဲ့ fic ကလေးပါ Zhanyi ပုံစံလေးပါရှင် 💞မင်းကို ကိုယ့်အနားမှာရှိဖို့အတွက်ကြိုးပေါင်းများစွာထဲကမှ အခိုင်ခံ့ဆုံးသော သစ္စာမေတ္တာကြိုးလေးနဲ့ကိုယ်ချည်နှောင်မယ်ရိပေါ် ဘယ်ဘဝမှာပဲရှိနေနေ ကို...