Part-19

1.1K 122 5
                                    

(Zawgyi)
Part(19)

***ဆေးခွက်တွေကြားမှ ရစ်မူးဖွယ်ရင်ခုန်သံနှင့် ဆူးခက်သစ်တောဆီတကြော့ပြန်သွားခြင်း***

“ဝမ်ငယ်...ဝမ်ငယ် မရှိဘူးလား မင်းတို့ကဘာလာလုပ်တာတုန်း…သွား..အကုန်အပြင်ပြန်ထွက်….ဝမ်ငယ်ရော.”
….ဆေးဝါးတွေ အစားသောက်တွေကိုင်ဆောင်လာတဲ့ အထိန်းတော်များမှာ ပြန်ယူသွားရမလို ချပဲပေးခဲ့ရတော့မလိုနဲ့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ဘာလုပ်ရမှန်းမသိတော့ပေ…ဒါက လက်ရှိမှာဖြစ်သွားသော မိုရမ်ရဲ့အထူးပြောင်းလဲသွားမှု့အခြေအနေတစ်ရပ်….ကြာပန်းသခင်လေးမှ မဟုတ်ရင် လာပို့တဲ့အထိန်းတော်များနှင့် အစားစာ ဆေးဝါးများမှာ အဖက်မတန်သလိုအော်ငေါက် မောင်းထုတ်ခံရလေသည်….

“ကျွန်တော်ရှိပါတယ်….ခဏလေး လမ်းလျောက်ထွက်လိုက်တာ ဘာဖြစ်နေတာလဲ အရှင်…..”

“ဒီမှာပဲထားခဲ့ကြပါ…ဆေးတွေကို တစ်ခါတည်းပြင်ထားခဲ့တယ်မလား……” 
…..အသံအေးအေးလေးနဲ့အတူ သင်းပျံ့မွှေးကြိုင်တဲ့ ကြာပန်းရနံ့တွေနှင့်အတူ ဝမ်ရိပေါ်ရောက်ရှိလို့လာသည်….

“ဟုတ်ကဲ့…ကျွန်မတို့အားလုံးအသင့်ပြုလုပ်ထားပြီးသားပါ ကြာပန်းသခင်လေး….” အထိန်းတော်များမှာ ယခုမှ အသက်ရှုချောင်သွားဟန်နဲ့ အချင်းချင်းမျက်ရိပ်ပြရင်း အလျင်အမြန်ပဲ အိပ်ဆောင်ခန်းမှ လစ်ထွက်ကုန်တော့သည်….

“ဝမ်လေး…ကိုယ်နိုးလာတော့အနားမှာ မရှိဘူး ဘယ်တွေလျောက်သွားနေတာလဲ…..”
….မကျေမနပ်ဟန်နဲ့ ပြုံးစိစိလေးဖြစ်နေတဲ့ မျက်နှာကို အတင်းကာရော လိုက်ကြည့်တော့ သွားတန်းလေးတွေစီနေအောင် သူ့ရဲ့သခင်လေးက ရယ်ပါတော့သည်….

“ဘယ်လိုဖြစ်နေတာလဲ အရှင်…ကျွန်တော်ဆေးတော့ စပ်ပါရစေဦး…တော်ကြာအရှင့်ရဲ့ မျက်လုံးအကြည့်ကြောင့် လက်တွေတုန်ပြီး အကုန်မှောက်ကျကုန်ရင် ခက်ရချည်ရဲ့….”
…ဆေးခွက်လေးထဲမှာ သမားတော်ပေးခဲ့တဲ့ဆေးတွေကို ရောစပ်နေတဲ့ဝမ်ရိပေါ်မှာ ကလေးဆိုးကြီးလို လိုချင်တာမရသေးသ၍ ငိုယိုပူဆာနေတဲ့ကလေးဟန်နဲ့ မိုရမ်ကိုသာ ရယ်ပြီးရင်းရယ်ချင်နေတော့သည်….ဒီလူက လူတစ်ကာအပေါ် မောက်မာစွာဆက်ဆံတတ်ပြီး အပြုအမူရိုင်းပြတဲ့ ထင်ရာလုပ်တတ်တဲ့ ရေခဲသခင်မိုရမ်မှ ဟုတ်ပါလေစ…ဒီလိုမျိုးလဲ တစ်ဖက်သားကို အရည်ပျော်အောင်လုပ်တတ်ပါသေးလား……

နှောင်ဖွဲ့လေသောသစ္စာ(OR)ကျိန်စာ (Complete)Donde viven las historias. Descúbrelo ahora