နှောင်ဖွဲ့လေသောသစ္စာ (သို့မဟုတ်)ကျိန်စာ
Part(1)….လေတွေဟူးဟူးရားရားတိုက်ခတ်နေသော တောင်တွေပတ်ပတ်လည်ဝန်းရံထားတဲ့နေရာ နယ်ခြားစည်းနှစ်ခုနဲ့ထိကပ်နေသည့်တောင်တန်း.. အမည်အားဖြင့်ဟိမဝန္တာတောင်တန်း အဓိကထိစပ်နေတဲ့ နိုင်ငံတွေကတော့ အိန္ဒိယပြည်နဲ့တိဘက်ပြည် တို့ဖြစ်သည်….ဟိမဝန္တာတောင်တန်းတွေထဲက တိဘက်ပြည်နဲ့အနီးဆုံးမှာတည်ရှိသော ရှန်ဂရီလာအမည်ရတောင်တန်းပေါ်တွင်တော့လူတစ်စု တောင်တက်ဝတ်စုံအပြည့်အစုံနဲ့ ရှန်ဂရီလာတောင်ပေါ်သို့ဦးတည်တက်ရောက်နေကျသည်….အနှီထိုလူသားအုပ်စုကတော့ Global Treasure Band လို့အမည်တွင်တဲ့ တရုတ်အမေရိကန်ကပြားချောလေးများနဲ့ဖွဲ့စည်းထားတဲ့တီးဝိုင်းအဖွဲ့ပင်….ခေါင်းဆောင်ဖြစ်သူက Black Devil လို့နာမည်ကြီးတဲ့ ရှိန်း-Shane(or)ဝမ်ရိပေါ် ပင်ဖြစ်သည်…..ဝမ်ရိပေါ်ကတော့ ဖခင်အမေရိကန်နဲ့မိခင်တရုတ်လူမျိုးတို့မှမွေးဖွားထားသော ကပြားချောလေးပါ….မြင့်မားရှည်လျားတဲ့ကိုယ်နေဟန်နဲ့ ခပ်မိုက်မိုက်ဂျစ်ကန်ကန်အမူအယာသွင်ပြင်တို့ ပေါင်းစပ်ထားတဲ့ ရှိန်း ကတော့ အပြင်းစားဂီတတွေကိုမြူးကြွတဲ့ဟန်နဲ့တီးခတ်တတ်သူ….သူ့ရဲ့ချစ်သူအမေရိကန်မလေး Lizthira -လစ်သီယာ ကတော့ရွှေအိုရောင်ဆံပင်တွေနဲ့ ဒရမ်ကိုပင်တိုင်တီးခတ်ပြီးချစ်သူ ရှိန်း နဲ့တွဲဖက်ညီစွာ ဖျော်ဖြေတတ်သူတစ်ယောက်…ယခုလဲ သူတို့အဖွဲ့အမေရိကန်ကဖျော်ဖြေပွဲတစ်ခုပြီး၍ အပန်းဖြေတောင်တက်ခရီးကို အပျော်ထွက်လာကျခြင်းပင်….ထိုခရီးစဉ်က သူတို့အထဲက ရှိန်း ဆိုတဲ့ခေါင်းဆောင်လေးအတွက် မမျှော်လင့်တဲ့ဖြစ်ရပ်တွေကို ရင်ဆိုင်ကြုံတွေ့ဖို့အတွက် အစခရီးလမ်းဆိုတာသာ သူတို့သိခဲ့ကျရင် ဒီရှန်ဂရီလာတောင်ပေါ်သို့တက်ဖို့အတွက် အပျော်ခရီးကိုစခဲ့ကျမည်လားဆိုတာ တွေးစရာအဖြေတစ်ခုပင်…….
“ရှိန်း….ခဏနားကျမလား…ငါတို့တက်လာတာလဲတော်တော်ခရီးပေါက်လာပြီပဲ…တောင်ရဲ့တက်ဝက်နီးပါးရောက်လာပြီလို့လမ်းပြကပြောတယ်….နေလဲစောင်းတော့မှာဆိုတော့လမ်းပြကဒီနားကမြေပြန့်တဲ့နေရာလေးမှာပဲ ညအိပ်ကျမယ်လို့အကြံပေးနေတယ်….မင်းဘယ်လိုသဘောရလဲ….” အဖွဲ့ထဲကတစ်ယောက်ဖြစ်တဲ့ ဂျက် က ရှိန်း အနားကိုကပ်ကာမေးတယ်…….
DU LIEST GERADE
နှောင်ဖွဲ့လေသောသစ္စာ(OR)ကျိန်စာ (Complete)
FanfictionPart(1) to (10) ကအောက်မှာရှိပါတယ်နော် ရှေးခေတ်နဲ့ယခုခေတ်ရောရေးထားတဲ့ fic ကလေးပါ Zhanyi ပုံစံလေးပါရှင် 💞မင်းကို ကိုယ့်အနားမှာရှိဖို့အတွက်ကြိုးပေါင်းများစွာထဲကမှ အခိုင်ခံ့ဆုံးသော သစ္စာမေတ္တာကြိုးလေးနဲ့ကိုယ်ချည်နှောင်မယ်ရိပေါ် ဘယ်ဘဝမှာပဲရှိနေနေ ကို...