Part-2

1.5K 108 0
                                    

နှောင်ဖွဲ့လေသောသစ္စာ (သို့မဟုတ်)ကျိန်စာ
Part(2)

…..နေအလင်းရောင်က အာရုံဦးမနက်ခင်းမှာ ရှန်ဂရီလာတောင်ထိပ်ပေါ်ဖြာကျလာသည်  ငွေရောင်နှင်းမှုန်များက နေရောင်ခြည်အောက် တဖျပ်ဖျပ်နဲ့အသက်ဝင်လှပလွန်းစွာ တဖွဲဖွဲနဲ့ကျဆင်းနေရှာတယ် တဲအတွင်းမှာအနားယူအိပ်စက်နေသူများက လှုပ်လှုပ်ရွရွနဲ့ နိုးထလာကျလေပြီ…..

“ဒါလင်နိုးပြီလား…ညကအရမ်းကြီးတော့လဲ အအေးဓာတ်ကသိပ်မဆိုးဘူးနော်….liz တော့ပင်ပန်းလို့လားမသိဘူး…တစ်ခါတည်းအိပ်ပျော်တာမနက်ထိပဲ…….”

“အင်း….ကိုယ်ရောပဲ….တောင်တက်ထားတော့ ကိုယ်လက်တွေနည်းနည်းနာပြီး အိပ်ပျော်တာမနက်ထိပဲ…..” ရှိန်းက မွှေ့ယာကိုလေရှော့ပြီး ပြန်ခေါက်သိမ်းနေတယ်….

“ဒါလင်…လက်စွပ်လေးကလှလိုက်တာ …ဘယ်တုန်းကဝယ်လိုက်တာလဲ….liz တစ်ခါမှ ဒါလင်ဝတ်တာမတွေ့ဖူးသေးဘူး…..လက်ရာမြောက်လိုက်တာ…..”  လစ်သီယာက ချစ်သူရှိန်းရဲ့ဘယ်လက်မှာ ဖြူစွတ်လှပလွန်းပြီး ပုလဲကိုနဂါးပတ်ရံထားတဲ့လက်စွပ်လေးကို စိတ်ဝင်စားစွာ ကိုင်မြှောက်ကြည့်သည်…..

“ဒါ…ဒါ…ဘယ်ကဟာလဲ….ကိုယ့်လက်စွပ်မဟုတ်ဘူး….ဘယ်သူ့ဟာကြီးလဲ….” ရှိန်းတစ်ယောက် မွေ့ယာကိုပစ်ချပြီး ဘယ်လက်ကလက်စွပ်ကို အံ့အားသင့်စွာကြည့်မိသည်….လက်ရာမြောက်လွန်းတဲ့ လက်စွပ်က သူ့လက်သူကြွယ်မှာ နေသားတကျစွပ်နေတယ်…အဖွဲ့ထဲမှာလဲ ဘယ်သူမှ ဒီလိုလက်စွပ်မျိုးကို ဝတ်ဆင်ကျမည့်သူမပါ…..ရှေးဟောင်းသဏ္ဍာန်လက်စွပ်က ပဟေဋ္ဌိပုစ္ဆာသဖွယ်…..

“ဒါလင့်ဟာ ဟုတ်ဖူးလား…..ဒါဆို liz ကိုပေးလေ….အရမ်းလှတယ်…..”

“လိုချင်ယူလေ….ကိုယ့်ဟာမှမဟုတ်တာ….ပုလဲနဲ့ယောကျာ်းလေးနဲ့ မလိုက်ဖက်လိုက်တာ…..” ရှိန်းကမျက်နှာတွေရှုံ့တွကာ လက်စွပ်ကိုဆွဲချွတ်တော့သည်…..ထူးဆန်းစွာပဲ လက်စွပ်က အတင်းဆွဲချွတ်နေတာတောင် ကျွတ်ထွက်မလာ….တော်တော်ကြာအားစိုက်ချွတ်တော့ လက်ချောင်းသွယ်သွယ်တွေက နာကျင်လာသည်…..

“ချွတ်မရလဲဝတ်ထားလိုက်လေ ဒါလင်ရဲ့….ပြောမယ့်သာပြောတာ ဒါလင့်လက်နဲ့လိုက်တယ်…..ပုလဲပုံစံလေးပဲ တစ်မျိုးဖြစ်နေတာ….တောင်ခြေပြန်ရောက်မှပဲချွတ်တော့ပေ့ါ…..”

နှောင်ဖွဲ့လေသောသစ္စာ(OR)ကျိန်စာ (Complete)Donde viven las historias. Descúbrelo ahora