(Unicode)
🧝♂️စစ်ပွဲထွက်ရမယ့်ခင်ပွန်းနဲ့ တိတ်တဆိတ်လူသတ်သမား🧟♂️
....အာရုံတက်စ မနက်ခင်းမှာ ကျင့်သားရနေတဲ့မျက်ဝန်းတွေက ပွင့်ဟလို့လာခဲ့တယ်....နိုးနိုးချင်းမြင်လိုက်ရတာက ဘေးတစ်စောင်းလေး လှဲလျောင်းအိပ်စက်နေတဲ့ မျက်နှာလေး...ကိုယ်လုံးပေါ်ကခြုံလွှာက တစ်ဝက်တိတိလျောကျနေကာ...မနက်ခင်းအအေးဓာတ်ကြောင့်ချမ်းရှာရော့ထင် ကိုယ်ခန္ဓာကကွေးကွေးလေးဖြစ်နေရှာသည်...နေ့ရက်တိုင်းတစ်ကိုယ်တည်းနိုးထနေကျ ပျင်းရိဖွယ်မနက်ခင်းက.... ယခုတော့ အနားမှကြင်လင်အေးချမ်းတဲ့မျက်နှာလေးကြောင့် ရှေ့ဆက်မယ့်နေ့ရက်များက တွေးကြည့်ရုံနှင့်ပင်ကြည်နူးစရာ...တစ်ကိုယ်တည်းငေးမောကောင်းနေစဥ် တွန့်ခနဲဖြစ်သွားတဲ့ကိုယ်လုံးလေး...ညဝတ်ရုံပါးပါးက အနွေးဓာတ်ကိုအံမတုနိုင်ဘူးထင်ရဲ့...ခြုံလွှာကို လည်ပင်းနားထိတိုးကပ်ကာ လွှမ်းခြုံပေးရင်း ဆက်၍အိပ်စက်မရတော့တာကြောင့် သလွန်ပေါ်မှဆင်းသက်ဖို့ထလိုက်သည်...။
"ဝမ်ငယ်..."
....အိပ်စက်ရာသလွန်ပေါ်မှခြေတစ်ဖက်သာချရသေးသည်.....ဝတ်ရုံစနောက်ဖက်မှတင်းခနဲအနေထားကြောင့် နောက်လှည့်ကြည့်မိတော့ မျက်ဝန်းတွေမှိတ်ရက်သားလေးနဲ့ လက်ဖြူဖြူလေးက သူ့ရဲ့ဝတ်ရုံကို ဆွဲထားတယ်...။
"တစ်ယောက်တည်းနိုးထတာမကောင်းဘူးလေ...မိုရမ်..."
"တိတ်တိတ်လေးသွားတာမဟုတ်ပါဘူး...ဝမ်ငယ်ပင်ပန်းနေတယ်လေ အိပ်စက်ဖို့လိုသေးလို့ကိုယ်ကမနှိုးတာပါ...အိပ်ဦးလေ ကိုယ်ကအစောထတာအကျင့်ပါနေလို့..."
"အရင်ကတစ်ယောက်တည်းလေ...အခု ကျွန်တော်တစ်ယောက်တည်း အိပ်ယာထဲကျန်ခဲ့ရမှာ...အရှင်က ထားခဲ့ရက်လို့လား.."
"ဝမ်လေး..မနက်ခင်းမှာ ကိုယ့်ကိုချစ်စရာကောင်းအောင်နှိုးဆွတာ ဝမ်ငယ်အတွက်မကောင်းဘူးဆိုတာသိလား..."
"ဟင့်အင်း..မသိဘူး...ခင်ပွန်းဖြစ်သူက တစ်ယောက်တည်းထားခံခဲ့ရတာပဲသိတယ်..."
"အိပ်ယာထဲပဲထားခဲ့တာပါကွာ...သူများတွေကြားရင် ကိုယ့်ကိုလူဆိုးကြီးမှတ်နေပါဦးမယ်..."
YOU ARE READING
နှောင်ဖွဲ့လေသောသစ္စာ(OR)ကျိန်စာ (Complete)
FanfictionPart(1) to (10) ကအောက်မှာရှိပါတယ်နော် ရှေးခေတ်နဲ့ယခုခေတ်ရောရေးထားတဲ့ fic ကလေးပါ Zhanyi ပုံစံလေးပါရှင် 💞မင်းကို ကိုယ့်အနားမှာရှိဖို့အတွက်ကြိုးပေါင်းများစွာထဲကမှ အခိုင်ခံ့ဆုံးသော သစ္စာမေတ္တာကြိုးလေးနဲ့ကိုယ်ချည်နှောင်မယ်ရိပေါ် ဘယ်ဘဝမှာပဲရှိနေနေ ကို...