(Zawgyi)
နှောင်ဖွဲ့လေသောသစ္စာ (သို့မဟုတ်)ကျိန်စာ
Part(15)***သတိရတဲ့စိတ်ကို မီးလျံနဲ့လောင်မြိုက်ပစ်မယ်***
…..အားအင်ဆုတ်လျော့နေဟန်နဲ့ ဧကရာဇ်နန်းတော်ထဲကို အထိန်းတော်တစ်ယောက်ကအသာဖေးမရင်း လျောက်လမ်းအတိုင်းဖြေးဖြေးချင်းဝင်လာနေတဲ့ ရေခဲသခင်မိုရမ်…ဖြူဆုတ်နေတဲ့မျက်နှာက အရင်လိုတည်တင်းခက်ထန်မှု့တွေ ပျောက်ဆုံးနေတာတောင် ထည်ဝါခန့်ညားနေတုန်းပင်……
“မိုရမ် အခစားဝင်လာကြောင်းပါ အရှင်…..”
….နန်းစောင့်တစ်ဦးရဲ့ ကျယ်လောင်တဲ့အော်ဟစ် အစီရင်ခံမှု့ကြောင့် ဧကရာဇ်နဲ့အတူ စကားထိုင်ပြောနေတဲ့ ရှီလာအရှင်မှာ အထိတ်တလန့်နဲ့ နန်းဆောင်အဝကိုလှမ်းကြည့်လိုက်သလို မနီးမဝေးမှာထိုင်နေတဲ့ ဝမ်မိဖုရားနဲ့နောက်လိုက်များကလဲ ပြိုင်တူဦးခေါင်းတွေလှည့်လိုက်မိကြသည်…..
“ဧကရာဇ်ကို မိုရမ်အခစားဝင်ကြောင်းပါ” ဒူးတစ်ဖက်ကိုထောင်လျက် ကျန်ဒူးတစ်ဖက်ကိုနှိမ့်ချထားပြီး လက်နှစ်ဖက်လုံးစုံယှက်ကာ ပလ္လင်တော်ပေါ်မှလှမ်းကြည့်နေတဲ့ ဧကရာဇ်ကိုဦးညွှတ်အရိုသေပေးလိုက်သည်…..
“မိုရမ်….မင်းဒဏ်ရာအပြင်းအထန်ရထားတာကြားတယ်…မသက်သာသေးပဲနဲ့ဘာလာလုပ်တာတုန်း…..” ဧကရာဇ်က တစ်ဖက်မှမီးပွင့်မတတ်လှမ်းကြည့်နေတဲ့ ဝမ်မိဖုရားကိုတစ်ချက်အကဲခတ်ရင်း မိုရမ်မျက်နှာကိုစေ့စေ့ကြည့်ကာ အမေးတော်ရှိလိုက်တယ်…..
“ကျွန်တော် အပြစ်လာခံယူတာပါ….”
“မိုရမ်..ဒီကောင်…ဒီကောင်တော့….ငါပြောထားရက်နဲ့….” သားဖြစ်သူစကားကြားပြီးနောက် ရှီလာအရှင်မှာ ဧကရာဇ်အနားထိုင်နေရာမှ ထိုင်ရမလို ထရမလိုဖြစ်ကုန်တော့သည်….ဒီကလေး မသက်သာသေးပဲနဲ့ ဘာအရူးထပြန်တာလဲ….ငါနှယ့်နော် ဒီမှာသူသတိမရသေးလို့ အပြစ်ဒဏ်ကိုပေါ့လျော့အောင် အချိန်ဆွဲနေပါတယ်ဆိုမှ….ဝမ်မိဖုရားရဲ့ အပြစ်ဒဏ်တောင်းဆိုထားတာကို မင်းမသိလို့နော်ငါ့သားရဲ့…..
“ဘာအပြစ်လုပ်ထားလို့ အပြစ်လာခံယူတာလဲ မိုရမ်…..” တည်ငြိမ်အေးဆေးစွာပဲ ခန်းမထဲမှာ ဧကရာဇ်အသံကလွှမ်းခြုံလာပြန်တယ်…..
ESTÁS LEYENDO
နှောင်ဖွဲ့လေသောသစ္စာ(OR)ကျိန်စာ (Complete)
FanficPart(1) to (10) ကအောက်မှာရှိပါတယ်နော် ရှေးခေတ်နဲ့ယခုခေတ်ရောရေးထားတဲ့ fic ကလေးပါ Zhanyi ပုံစံလေးပါရှင် 💞မင်းကို ကိုယ့်အနားမှာရှိဖို့အတွက်ကြိုးပေါင်းများစွာထဲကမှ အခိုင်ခံ့ဆုံးသော သစ္စာမေတ္တာကြိုးလေးနဲ့ကိုယ်ချည်နှောင်မယ်ရိပေါ် ဘယ်ဘဝမှာပဲရှိနေနေ ကို...