Part-37

1K 112 5
                                    

🌺ပျက်ယွင်းနေသောတစ်ပိုင်းတစ်စကြာပန်းဝိညာဉ်🌺

……မြင့်မားမတ်စောက်လှသော တောင်ထွဋ်ကိုရှိန်းမော့ကြည့်လိုက်သည်…သူတက်နေတဲ့ရှီလာရေခဲတောင်ထက်ပင်ပိုကာ မြင့်မားနေသေး၏…ဒီနေရာဟာအဘယ်သို့သောနေရာနည်း..တွေဝေငေးမောစွာ ခဏရပ်ကာမော့ကြည့်နေရင်း နားစည်သို့သာယာသောကျေးငှက်သံများနှင့်နှာဝသို့သင်းပျံ့သောပန်းမာလာရနံ့များကရိုက်ခတ်လို့လာသည်…။

“ကိုယ်တို့ မိုရမ်ကိုစောင့်ကျဦးမလား…တက်နှင့်မလား..”

“သူလာမှပဲသွားကျတာပေါ့..ဒါကဘယ်နေရာလဲ..အရမ်းကိုအေးချမ်းတယ်..”

“ဒါက..ဗုဒ္ဓတောင်ပေါ်ပါ..အပေါ်ရောက်ရင်အကုန်လုံးရှင်းသွားပါလိမ့်မယ်..”

…..ရှင်းသွားလိမ့်မည်ဆိုသောစကားနောက် ဘာမှအထွန့်ထက်မတက်တော့ပဲ ရှိန်းအနီးနားမှကျေးငှက်သံများကိုသာ နားစွင့်ထားလိုက်တော့သည်…ခဏအကြာ တောင်ပံခတ်သံပြင်းပြင်းနဲ့လေဟုန်ပြင်းပြင်း အရာတစ်ခုကိုအနီးတစ်ဝိုက်ခံစားမိတာမို့ အနောက်သို့လှည့်ကြည့်စဉ်…ကြီးမားလှသောာငှက်ရဲ့ကိုယ်ပေါ်မှ ခြေလှမ်းကျဲများနဲ့လှမ်းလာသောသူ..နေပါဦး ဒီလိုပုံစံမျိုးသူဘယ်မှာမြင်ဖူးနေတာလဲ…။

“စောင့်ရတာအရမ်းကြာသွားလား…ကိုယ်ကိစ္စတစ်ခုဖြေရှင်းနေလို့..”

“ကျွန်တော်တို့တက်ကြတော့မလား…မြန်မြန်ခင်ဗျားတို့ကြည့်စေချင်တာပြီးရင် ကျွန်တော့်အဖွဲ့ဆီပြန်သွားရမှာမို့လေ..”

“…..”

….သူ့ရဲ့အမေးစကားကို မည်သူမျှပြန်မဖြေပဲတစ်ယောက်မျက်နှာတစ်ယောက်ပဲ ထိုသူနှစ်ဦးကကြည့်နေသည်..ထို့နောက်သက်ပြင်းဖွဖွနှင့်အတူ မိုရမ်ဆိုသောသူကအရင်စလာ၏..။

“ကောင်းပြီလေ…ကိုယ်တို့တောင်ပေါ်တက်ကျတာပေါ့…”

….တောင်ရဲ့မတ်စောက်စောက်လမ်းက လှေကားထစ်တွေကိုလျောက်လှမ်းနေရင်း ရှိန်းတစ်ယောက်အတွေးတွေဝင်နေမိသည်…ဒီလောက်များပြားလှတဲ့လှေကားတွေနဲ့ မြင့်လွန်းတဲ့တောင်ကို ဘယ်အချိန်မှသူတို့အပေါ်ရောက်မည်မသိ…သို့သော် သူ့ရဲ့အတွေးတွေကလမ်းတစ်ဝက်တင် ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားရ၏….နှစ်နာရီခန့်လောက်ကြာမြင့်သည့်အချိန်မှာ သူတို့သုံးဦးရဲ့အရှေ့သို့ တိမ်မြူလွှာတွေပိန်းပိန်းအောင်ပိတ်ဆို့ခြင်းခံလိုက်ရသည်…အထိတ်တလန့်ဘေးဘီကိုအကဲခတ်ကြည့်နေတုန်း တိမ်မြူတွေကြားထဲမှ ပိတ်ဖြူစတလွင့်လွင့်နဲ့ လေထုထဲရွေ့လျားနေသော ဓမ္မလမ်းစဉ်ကျင့်ကြံပုံရသော အေးချမ်းသည့်မျက်နှာနဲ့ဆရာလေးတစ်ဦးကို တွေ့လိုက်ရတော့၏….သူမက မြူနှင်းတွေကြားထဲညှင်သာစွာရပ်နေရင်း သူတို့ရှိရာဖက်သို့ လက်နှစ်ဖက်ပူးကပ်ကာ ဦးခေါင်းကိုအနည်းငယ်ငြိမ့်ပြီးခရီးဦးကြိုပြုသည်..။

နှောင်ဖွဲ့လေသောသစ္စာ(OR)ကျိန်စာ (Complete)Où les histoires vivent. Découvrez maintenant