Part-24

1K 118 4
                                    

🎎ပျော်ရွှင်ခြင်းနှင့်ကံဆိုးခြင်း ထပ်တူကျရောက်လာခြင်း🔥🌪️

“သခင်လေးက အရမ်းကိုကျက်သရေရှိလိုက်တာ….”
….ကြေးမုံပြင်ပေါ်မှာ ကိုယ်တစ်ပိုင်းသာမြင်ရတဲ့ ကြာပန်းသခင်လေးပုံရိပ်က နီစွေးရဲတောက်နေတဲ့ မင်္ဂလာဝတ်ရုံနီနီကို ဆင်မြန်းထားပြီး ဦးခေါင်းမှာ အခြားသူငါတွေလို အဆင်တန်ဆာဆန်းဆန်းပြားပြား ဝတ်ဆင်ထားခြင်းမျိုး မရှိသော်ငြားလဲ ဆံနွယ်ငွေရောင်လေးတွေမှာ ကျစ်ဆံမြီးသေးသေးလေးတွေကို သုံးလေးခုစီကာ ကျစ်ထားပြီး ပခုံးပေါ်ကဝတ်ရုံပေါ်မှာလဲ အနီရောင်ပေါ်အနားကွပ်ထားတဲ့ ရွှေရောင်အလှဆင် ရွှေပြားခတ်အဆင်တန်ဆာတို့မှာ လှုပ်ရှားလိုက်တိုင်း သာယာငြိမ့်ငြောင်းတဲ့ ဆည်းလည်းသံပမာ လေထုကိုထိုးဖောက်ကာ အနားဝန်းကျင်ထိ စိတ်နှလုံးအေးချမ်းအောင် ဆောင်ကျဉ်းပေးနေသကဲ့သို့ပင်…..ကြာပန်းသခင်လေးကို ဝိုင်းဝန်းပြင်ဆင်ပေးနေကြသော ရေခဲနန်းဆောင်မှ အထိန်းတော် မိန်းမပျိုတစ်သိုက်မှာလဲ အေးချမ်းတည်ငြိမ်တဲ့ ဝမ်သခင်လေးကို စေ့စေ့မကြည့်ရဲပေမယ့် ခိုးကြည့်ကာ အလွန်သဘောတော်ကျနေရှာသည်…

“တို့အရှင် ငုံ့ထားချင်တာလဲ မလွန်ပါဘူးအေ….ငါတောင် တော်တော်ချစ်နေပြီ သခင်လေးကို….နော် မမယင်…ဘယ်လောက်ချောမောတည်ကြည်လိုက်သလဲ….”

“ညီမလေးယန်….ခေါင်းနဲ့ကိုယ် တစ်ပိုင်းဆီ ဓားနဲ့အခုတ်မခံချင်ရင် ကြာပန်းသခင်လေးကို မကြည့်နဲ့…တို့အရှင် အကြောင်းမသိလို့ သွားကြည့်နေတာလား…ပြင်စရာရှိတာပြင်..တော်ကြာ အခန်းထဲကို အရှင်ဝင်လာမှ ပြေးပေါက်မှားနေမယ်…..”

“မကြောက်လို့မဟုတ်ပါဘူး..မမရဲ့ တို့သခင်လေးက ချောလွန်းလို့ပါ….ဟိုမင်းသမီးထက်စာရင် သခင်လေးကပိုပြီးအေးချမ်းတဲ့ပုံပဲ…ဟိုမာယာတိုင်းပြည်က ရှပ်ပြာမင်းသမီးကိုတော့ ကြင်ယာတော်မဖြစ်စေချင်ပါဘူး…သူ့ကိုညီမတော့ ကြည့်မရဘူး….လာတိုင်း သူ့နန်းဆောင်ကျနေတာပဲ ပိုင်စိုးပိုင်နင်းနဲ့…..”

“ကိုယ့်အလုပ် ကိုယ်လုပ်စမ်းပါ…နင်ပြောနေတာ ငါတောင် လည်ပင်းနည်းနည်းယားလာသလိုပဲ….တော်တော့ သခင်လေးကြားသွားမယ်…..မင်္ဂလာရှိတဲ့နေ့ စိတ်အနှောင့်အယှက်ဖြစ်အောင်မလုပ်နဲ့……”

နှောင်ဖွဲ့လေသောသစ္စာ(OR)ကျိန်စာ (Complete)Onde histórias criam vida. Descubra agora