🌲အတိတ်ဟောင်းကိုပြန်လည်နှိုးဆွခြင်း🌲
....ဟူးဟူးရားရားတိုက်ခတ်နေသော လေထုထဲလွင့်စင်မြောပါနေသလို...အေးစက်စက်ရေခဲထုကြီးထဲနစ်မြုပ်နေသလို.....တလှပ်လှပ်ရင်အစုံက ချောက်ကမ်းပါးစွန်းမှာ မတ်တပ်ရပ်ပြီးနောက်ဆုံးထွက်သက်ကိုပြန်သုံးသပ်ကြည့်နေသကဲ့သို့ စသည့်မျိုးစုံသောခံစားချက်ကြီးက ရှိန်းကိုရိုက်ခတ်နေဟန် ခံစားရလျက်ရှိ၏......ပင့်တင်ရန်လေးလံလွန်းလှတဲ့မျက်ခွံတွေက ကြီးမားတဲ့အလေးတုံးတစ်ခု အပေါ်စီးကနေဖိချထားသလို လေးလံလှပါဘိ....ကြိုးစားကာမျက်ခွံတွေပွင့်ဟလာအောင် အားထုတ်ပင့်တင်ရင်း ခပ်ဖြေးဖြေးပွင့်လာတဲ့မျက်ဝန်းတွေက အလင်းရောင်စူးစူးကြောင့်ပြန်ပိတ်ကျသွားပြန်သည်...ကျိန်းစပ်တဲ့ခံစားချက်ပျောက်အောင်ခဏမှိတ်ထားပြီး တစ်ဖန်ပြန်ဖွင့်ကြည့်တော့ ပုံရိပ်နှစ်ခု အတိကျဆိုရလျှင်လူနှစ်ဦး....တစ်ယောက်ကပြုံးရွှင်စွာကြည့်နေသည်ဆိုလျှင် နောက်ထပ်တစ်ယောက်ကမမှိတ်မသုန်နဲ့ ထူးဆန်းတဲ့အကြည့်တွေထုတ်လွှတ်ပြီးတမေ့တမော ရှိန်းကိုကြည့်နေတာပင်....ယောင်တောင်တောင်နဲ့ထထိုင်လိုက်ရင်း အနီးပတ်ဝန်းကျင်ကိုဝေ့ဝဲအကဲခတ်ကာ သူဘာဖြစ်ခဲ့သလဲအလျင်မြန်ပြန်စဥ်းစားလိုက်သည်...သြော်...သူ ရေခဲထုထဲပြုတ်ကျသွားတာပဲ...ထိုလူနှစ်ဦးက သူ့ကိုကယ်တင်ပေးထားတာဖြစ်ရမည်...။
"ကျေးဇူးတင်ပါတယ် အသက်ကယ်ပေးတဲ့အတွက်"
....လေသံအေးအေးနဲ့အတူ သိပ်မပီပြင်တဲ့တရုတ်သံက ရှိန်းရဲ့နှုတ်ဖျားမှထွက်ကျလာသည်...သူ့အသံကြားသည်နှင့် အစတည်းကသူ့ကို ပြုံးတုံ့တုံ့စိုက်ကြည့်နေသည့်သူက ဦးစွာအရှေ့ထွက်လာကာ ရှည်လျားတံ့အရပ်နဲ့ငုံ့ကိုင်းကြည့်လာ၏..။
"ဝမ်လေး...ကိုယ့်ကိုမှတ်မိလား.."
"ဟင့်အင်း...ဘယ်သူလဲမသိဘူးခင်ဗျ...ကျွန်တော့်ကိုသိလို့လား....ကျွန်တော့်နာမည်က ရှိန်းပါ"
"အာ....စိတ်တောင်မကောင်းဖြစ်သွားပြီကွာ....ကိုယ်ကဟိုဖက်အခြမ်းမှာနေတာလေ...ဝမ်လေးကိုယ့်ရဲ့အဆောင်ကိုတောင်ရောက်ဖူးတယ်လေ...ဟော့ဒီမှာကြည့် ဒီရင်ဖက်ကဒဏ်ရာလေ မှတ်မိလား...ဝမ်လေးကိုယ်တိုင်ဆေးထည့်ပေးခဲ့တာလေ.."
![](https://img.wattpad.com/cover/234670015-288-k829065.jpg)
VOUS LISEZ
နှောင်ဖွဲ့လေသောသစ္စာ(OR)ကျိန်စာ (Complete)
FanfictionPart(1) to (10) ကအောက်မှာရှိပါတယ်နော် ရှေးခေတ်နဲ့ယခုခေတ်ရောရေးထားတဲ့ fic ကလေးပါ Zhanyi ပုံစံလေးပါရှင် 💞မင်းကို ကိုယ့်အနားမှာရှိဖို့အတွက်ကြိုးပေါင်းများစွာထဲကမှ အခိုင်ခံ့ဆုံးသော သစ္စာမေတ္တာကြိုးလေးနဲ့ကိုယ်ချည်နှောင်မယ်ရိပေါ် ဘယ်ဘဝမှာပဲရှိနေနေ ကို...