Part-32

988 106 9
                                    

Unicode
🍃ကြွေလွင့်တော့မယ်ပန်းတစ်ပွင့်နှင့်နာကျင်ဖွယ်ရာနေ့ရက်များ🍂

“သခင်လေး..သခင်လေး…”

….မနက်အာရုံဦးချိန်မှာ ကိုယ်လက်သန့်စင်ရန်အမွှေးနံ့သာများသယ်ဆောင်လာတဲ့ အထိန်းတော်ယန်နဲ့ယင်ခမျာ ဆီးကြိုမြင်လိုက်ရသောမြင်ကွင်းကြောင့် သွေးပျက်မတက် လန့်ဖြန့်တုန်လှုပ်သွားသည်…အခင်းကြမ်းပြင်ပေါ် ခွေခွေလေးလဲကာ အနားမှနီစွေးစွေးသွေးတွေက သူတို့နှစ်ဦးလုံး ကြာပန်းသခင်လေးနား အပြေးလွှားရောက်သွားစေသည်…ယခုထိတိုင်ဖြူဖွေးနေတဲ့မျက်နှာနဲ့ သတိအစုံမရသေးတဲ့ ကြာပန်းသခင်လေးကို အတင်းပွေ့ထူကာ သလွန်ပေါ်တင်ပြီး ပြန်သတိရစေရန်ကြိုးစားနေရသည်…သူမတို့ အနားမှာတစ်ညလေးမရှိလိုက်သည်နှင့် သခင်လေးဘာဖြစ်သွားသနည်း…ဘေးဘီကိုဝေ့ဝဲအကဲခတ်သော်လည်း မသင်္ကာစရာအရိပ်ယောင်မျှမတွေ့ရ…။

“အင်း..ကျွတ်..”

“သခင်လေး..သတိရလာပြီလားဟင်..ဘယ်လိုနေလဲ သက်သာလားဟင်…ကြမ်းပေါ်မှာလဲသွေးစတွေနဲ့…ဘယ်လိုဖြစ်ကုန်တာလဲ သခင်လေးရယ်…အရှင်သိရင်ကျွန်မတို့ အသေသတ်ခံရတော့မှာပဲ…”

“မပြောနဲ့…အရှင်မသိစေနဲ့နော်…သူနောက်ဆံတင်းနေရလိမ့်မယ်…နတ်ဆေးဆရာကိုသာခေါ်ပေးပါ…ကျွန်တော်တစ်ကယ် ရင်ထဲမှာအရမ်းနာကျင်နေတယ်…တစ်ကိုယ်လုံးသွေးစိမ်းရှင်ရှင်ပန်းထွက်နေသလိုပဲ…အ…ဝေါ့…”

…အားယူကာ စကားကိုဖြေးညှင်းစွာပြောနေပေမယ့် လည်ချောင်းထဲဘယ်အချိန်ထဲက ထိုးထွက်ချင်နေမှန်းမသိသည့် သွေးတွေကတဟုန်ထိုးဆန်တက်လာသည်…နာကျင်တယ်..ကျွန်တော့်တစ်ကိုယ်လုံး အရမ်းနာတာပဲအရှင်…သေမတတ်အတွင်းမှာ အရမ်းကိုနာနေတယ်….ကိုယ်တွင်းကသွေးတွေက အန်ထုတ်ရလွန်းလို့ကျန်သေးသလားတောင် သံသယဝင်မိပါတယ်…မောဟိုက်စွာ နှစ်ကြိမ်မျှထပ်အန်ပြီးနောက် သလွန်ပေါ်ပုံရက်သားပစ်ကျသွားတော့သည်…။

“မမယန်..သခင်လေးကို ဘယ်လိုလုပ်ကျမလဲဟင်..အရှင့်ကိုအသိမပေးလို့ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ…သခင်လေးကို မကြည့်ရက်ဘူး..သူအရမ်းကိုနာကျင်နေတဲ့ပုံပဲ မမရယ်..အီးး..”

နှောင်ဖွဲ့လေသောသစ္စာ(OR)ကျိန်စာ (Complete)Donde viven las historias. Descúbrelo ahora