Part-12

1.8K 130 4
                                    

(Zawgyi)
နှောင်ဖွဲ့လေသောသစ္စာ (သို့မဟုတ်)ကျိန်စာ
Part(12)

***ခရောင်းတောကိုကျော်ဖြတ်၍ ကြာပန်းငယ်ကိုပြန်လည်ခေါ်ဆောင်ခြင်း***

“ဖလပ်….ဖလပ်…ဘုတ်……”

….တောင်ပံခတ်သံမူမမှန်သံနဲ့ ဥဒေါင်းငှက်တစ်ကောင်က ရေခဲနန်းတော် အဝင်ဝမှာပြုတ်ကျလာသည်…တောင်ပံရဲ့ညာဖက်အခြမ်းတစ်ခုက သွေးတွေရဲနေအောင်စီးကျနေကာ လှပတဲ့အမွှေးဖြူလေးများဟာလဲ စုတ်ပြတ်သတ်ကာ သွေးတွေဟိုတစ်ကွက် ဒီတစ်ကွက်ပေကျံလို့နေသည်…..အရှိန်ပြင်းပြင်းထိုးကျလာတဲ့ ငှက်သံကြောင့် အရှေ့ကစစ်ဆေးရှာဖွေနေတဲ့သူတွေဆီ အာရုံစိုက်ရောက်နေတဲ့ မိုရမ်နဲ့ အထိန်းတော်များ နောက်ဖက်သို့ အကြည့်ရောက်လာကျသည်….ပြုတ်ကျလာတဲ့သူက ရှီရာမှန်းမြင်သည်နှင့် မိုရမ်အပြေးတပိုင်း ရှီရာ့နားကို အလောတကြီးပြေးထွက်သွားတယ်….အန္တရာယ်ဟူသောအငွေ့သက်က ခေါင်းထဲမှာ ခေါင်းလောင်းထိုးအချက်ပေးနေလေသည်…..

“ရှီရာ….ဘာဖြစ်လာတာလဲ….မင်းကိုဘယ်သူလုပ်လိုက်တာလဲ….ဝမ်ငယ်ရော…..”

“………..”  သခင်ဖြစ်သူရဲ့အမေးကို ရှီရာအားအင်ကုန်ခမ်းပုံပေါက်နေပေမယ့် တာဝန်တင်ပြမှု့မပြီးသေးတာကြောင့် မိုရမ့်အနားကိုကပ်ကာ ဖြစ်သမျှကိုအစီရင်ခံနေပုံပင်…..

“တောက်….ချိုင်ယွီ….မင်းကများအတင့်ရဲလို့…..” တောက်ခတ်သံပြင်းပြင်းနှင့်အတူ ဒေါသတကြီး နန်းစောင့်ဆီကလှံတံနှစ်ချောင်းကိုလုရင်း စီးတော်ငှက်ဆီတရှိန်ထိုးပြေးကာ မိုးကောင်ကင်ထက်ထိုးတက်ပျံသန်းသွားတော့သည်…..

“မိုရမ်….အရှင်…မိုရမ်….” အောက်ဖက်မှ အထိန်းတော်များနဲ့ ရှာဖွေသူများက အကောင်းကြီးကနေ ရုတ်ချည်းစီးတော်ယာဉ်နဲ့ ပျံထွက်သွားသူကို အော်ဟစ်ခေါ်ပေမယ့် မမှီတော့ပေ…..မြင်ကွင်းထဲကနေ မိုရမ်က လေအလျင်လိုပျောက်ကွယ်သွားပြီလေ……

“ဝုန်း…..” 
….ကျယ်လောင်တဲ့မြည်သံနဲ့အတူ ကျောက်သားပြင်လိုအေးစက်စက်ခုံက ထက်ပိုင်းကျိုးကာ တလိမ့်လိမ့်နဲ့အဖြူရောင်ပုံရိပ်လေးလွင့်ထွက်သွားကာ လှုပ်ဖို့ပင်အားမရှိတော့သလိုငြိမ်သက်သွားသည်…..

နှောင်ဖွဲ့လေသောသစ္စာ(OR)ကျိန်စာ (Complete)Tempat cerita menjadi hidup. Temukan sekarang