💥အကာအကွယ်စည်းအားဖယ်ရှားခြင်း💥
ရှီလာပြည်ရှိ ရေခဲနန်းဆောင်အတွင်းတွင် နန်းဆောင်အရှင်သခင်မှာ သူ၏သွယ်ပျောင်းရှည်လျားပြီး အဖျားချွန်ချွန်လက်ထိပ်ကလေးများထက်တွင် ကျောက်စိမ်းရောင်ရင့်ရင့်တောက်နေသော သေရည်တစ်ခွက်ကိုကိုင်ကာ ဟိုသည်လှည့်ပတ်ကစားရင်း အတွေးနယ်ချဲ့နေသည်..။ သူနှင့် မျက်နှာချင်းဆိုင်တွင် သေရည်ခွက်ကိုကိုင်ကာ ပျင်းရိပျင်းတွဲဒူးတစ်ဖက်ထောင်၍ အရက်သောက်နေသော ချိုင်ယွီရှိ၏..။ မည်သူမျှစကားစဆိုခြင်းမရှိပဲ ကိုယ့်ရဲ့အတွေးနယ်ပယ်ထဲတွင်သာ တွေးချင်ရာတွေး ငေးချင်ရာငေးရင်း အတွေးအုတ်မြစ်ချနေကြ၏..။
“မိုရမ် ! !”
တိတ်ဆိတ်မှု့ကိုလေသံမတိုးမကျယ်နှင့် ချိုင်ယွီကစတင်ဖြိုခွဲပစ်၏…။
“အင်း…ပြော”
သေရည်ခွက်ကိုသာ ကသိုဏ်းရှု့မပျက် မိုရမ်ကပြန်ထူး၏..။
“အဲ့သေရည်ခွက်ကြီး ခဏချစမ်းပါ…သောက်တာလဲမဟုတ်ပဲ…သေရည်ခွက်ကလှလို့ကြည့်နေတာလား”
“ခွက်မှာ ဝမ်ငယ်အိပ်နေတာလေးပေါ်နေတယ်”
“အမ်…ဟိုကလေးပုံလား..”
သေရည်တစ်ကျိုက်မော့သောက်သည့် ချိုင်ယွီသည်းချင်ချင်ဖြစ်သွားသည်..။ သေရည်ခွက်မှာ ချစ်ရသူမျက်နှာပေါ်အောင်မည်သို့ကြည့်ရမှန်း သူခုချိန်ထိမသိသေးတာကိုပဲနောင်တရသွား၏…။သို့သော်လည်း နောင်တကိုဘေးခဏဖယ်ကာ မျက်နှာပေါ်သည်ဆိုကာ ခွက်ကိုမမှိတ်မသုန်ရှု့စားနေသော မိုရမ်ကိုသာ သူလှမ်းမေးလိုက်သည်..။
“မဟုတ်ဘူး…ငါ့ရဲ့မနိုးထလာသေးတဲ့ချစ်လှစွာသောကြင်ယာတော် ကြာပန်းသခင်လေး….မင်းသိပါတယ်..ငါက ဝမ်ငယ်ရဲ့ကိုယ်ပွားလေးတစ်ဝက်ပိုင်ဆိုင်ထားလို့သာ သူ့ကိုလိုက်လျောပေးနေတယ်ဆိုတာ….သူ့က ငါ့ရဲ့ဝမ်ငယ် ဝိညာဉ်လေးကြောင့်ဖြစ်တည်လာတယ်ဆိုပေမယ့်…သူမှာ့ ငါ့ကိုချစ်ခင်ကြင်နာစိတ် ဝမ်ငယ့်ကိုတစ်စိမျှတောင်မရှိဘူး…”
ကျောက်စိမ်းခွက်ကိုချကာ သူ့ရဲ့အဖြေကိုစိတ်ဝင်တစားစောင့်နေတဲ့ချိုင်ယွီအား မိုရမ်ကအေးဆေးသက်သာစွာပဲပြန်ဖြေပေးလျက်သား…သို့သော်လဲ သူ့ရဲ့မျက်ဝန်းများက အေးစက်စူးရဲနေသည်မှာ ဘာကိုစိတ်အလိုမကျနေသည်မှန်းမသိပေ…။
ESTÁS LEYENDO
နှောင်ဖွဲ့လေသောသစ္စာ(OR)ကျိန်စာ (Complete)
FanficPart(1) to (10) ကအောက်မှာရှိပါတယ်နော် ရှေးခေတ်နဲ့ယခုခေတ်ရောရေးထားတဲ့ fic ကလေးပါ Zhanyi ပုံစံလေးပါရှင် 💞မင်းကို ကိုယ့်အနားမှာရှိဖို့အတွက်ကြိုးပေါင်းများစွာထဲကမှ အခိုင်ခံ့ဆုံးသော သစ္စာမေတ္တာကြိုးလေးနဲ့ကိုယ်ချည်နှောင်မယ်ရိပေါ် ဘယ်ဘဝမှာပဲရှိနေနေ ကို...