နှောင်ဖွဲ့လေသောသစ္စာ (သို့မဟုတ်)ကျိန်စာ
Part(7)“မိုရမ်…မိုရမ်…ဘယ်မှာလဲ…..”
…ရေခဲနန်းဆောင်အတွင်း တံခါးအဝမှစီကနဲနေအောင် ဒေါမာန်အပြည့်နဲ့ ဟိန်းအော်ဟစ်ကြွေး ခေါ်နေသူကိုပြေးကြည့်စရာပင်မလိုပေ …မိုရမ်ရဲ့တစ်ဦးတည်းသောမွေးသဖခင်ကျေးဇူးရှင် ရှီလာတောင်အရှင်သခင်သာဖြစ်သည်…အချိန်မဆိုင်း မြန်ဆန်စွာရောက်မည်လို့ခန့်မှန်းမိပေမယ့်လို့ ဒီလောက်စောမယ်လိုတော့မထင်ထားမိ…လှို့ဝှက်အခန်းတွင်းမှထွက်ပြီး ရေခဲပလ္လင်ပေါ်ဖင်ထိုင်ချတုန်းရှိသေး ရောက်ရှိလာသော အရေးကြီးပုဂ္ဂိုလ်များက တစ်အုံတစ်မကြီးပင်….
“ကျွန်တော် ဒီမှာထိုင်နေတာလေ အရှင်…ဘာဖြစ်လာပြန်ပြီလဲ…..တစ်ရက်တစ်လေလေး နန်းဆောင်မှာ အေးအေးလူလူနေခိုင်းဖို့ စိတ်ကူးမရှိဘူးလား ခမည်းတော်……”
“အဲ့တာက မင်းကိုငါကမေးရမှာ….မင်းအစောင့်တွေကလဲ မင်းဖက်ကလေ မေးလဲအမှန်တိုင်းထွက်မှာမဟုတ်ဘူး….ကြာပန်းသခင်ပျောက်သွားတယ်…ပျောက်သွားတယ်ဆိုတာထက် အခိုးခံရတာဆိုပိုမှန်မယ်…ရှင်းရှင်းပဲမေးမယ် မင်းဝှက်ထားလား….”
“ခမည်းတော်…ကျွန်တော် ဒီနေ့လုံးဝ နန်းဆောင်အပြင်မထွက်ရသေးဘူးနော်…လာမစွပ်စွဲနဲ့…နေဦး..စောနကဘာပြောလိုက်တာလဲ…ဝမ်ငယ်ဘာဖြစ်တာလဲ…ဘယ်လိုပျောက်သွားတာလဲ……” မှင်သေသေဟန်နဲ့ မိုရမ်ရဲ့ အမေးနဲ့အဖြေကို ရှီလာအရှင်နဲ့အတူ ဝမ်မိဖုရားနဲ့အစောင့်တို့မှာ ယုံရခက်ခက်ဖြင့် တွေတွေဝေဝေ အကဲဖြတ်သုံးသပ်နေကျတာကို မြင်တော့ မိုရမ်ကျိတ်ကာပြုံးမိသည်…လွယ်လွယ်နဲ့အလိမ်ပေါ်ရအောင် ဖုံးကွယ်သူကမိုရမ်ဆိုတာ မသိကျဘူးလား….
“ကြာပန်းသခင်က ဘယ်မှသွားတာမျိုးမရှိဘူး….လက်ရှိစွပ်စွဲစရာကလဲ မင်းပဲရှိတယ်….သူ့ကိုအတင်းလက်ထပ်ခွင့် တောင်းထားတာဆိုလို့မင်းပဲရှိတာလေ…အခုသူ့ရဲ့ထိမ်းမြားမင်္ဂလာပွဲကနေ သူပျောက်သွားတာ သွေးရိုးသားရိုးမဖြစ်နိုင်ဘူး…ဒါကြောင့်အခြေအနေတွေ မရှုပ်ထွေးခင် ကြာပန်းသခင်ကိုဖွက်ထားတာ ပြန်ထုတ်ပေးဖို့ပြောနေတာ မိုရမ်…..ဒီကိစ္စကို ဝမ်တိုင်းပြည်က နတ်မင်းချုပ်ဆီတိုင်လိုက်ပြီ….အခုချိန်ပြန်ပြီး လွှတ်ပေးရင် မင်းကိုသူတို့ဘာမှ မပြောဘူးလို့ကတိပေးတယ်….တစ်ကယ်လို့ နတ်မင်းတွေက ဒီကြာပန်းသခင် ပျောက်ဆုံးမှု့ကို စစ်ဆေးလို့ပေါ်သွားရင် မင်းကို သူတို့အပြစ်ပေးလိမ့်မယ်….မင်းရဲ့နတ်မင်းသိက္ခာကို ထောက်ထားပြီး မလုပ်သင့်တာကိုမလုပ်ပါနဲ့ ငါ့သား….အဖေမင်းကိုအကြံပေးတာ တစ်ခါလောက်နားထောင်စမ်းပါ……”
ESTÁS LEYENDO
နှောင်ဖွဲ့လေသောသစ္စာ(OR)ကျိန်စာ (Complete)
FanficPart(1) to (10) ကအောက်မှာရှိပါတယ်နော် ရှေးခေတ်နဲ့ယခုခေတ်ရောရေးထားတဲ့ fic ကလေးပါ Zhanyi ပုံစံလေးပါရှင် 💞မင်းကို ကိုယ့်အနားမှာရှိဖို့အတွက်ကြိုးပေါင်းများစွာထဲကမှ အခိုင်ခံ့ဆုံးသော သစ္စာမေတ္တာကြိုးလေးနဲ့ကိုယ်ချည်နှောင်မယ်ရိပေါ် ဘယ်ဘဝမှာပဲရှိနေနေ ကို...