Unicode
…..အေးစက်နေတဲ့နှင်းထုတို့ဖြန့်ကျက်နေကျ ရှီလာတောင်ဝန်းကျင်က ယနေ့မှာတော့ပို၍အေးခဲတိတ်ဆိတ်ကာ ငွေနှင်းမှုန်တို့က တဖွဲဖွဲကျဆင်းလျက်ရှိသည်…ရေခဲနန်းဆောင်တဝိုက်မှာတော့ ခြောက်ခြားဖွယ်ရာတိတ်ဆိတ်ခြင်းတို့ကြီးစိုးနေကာ….မည်သူမျှအသံကျယ်ကျယ်ပင်မထွက်ရဲကျပေ…..လှပတဲ့ရေခဲကလပ်ပုံစံပေါ်မှာ ငြိမ်သက်စွာလှဲလျောင်းနေတဲ့ ကြာပန်းသခင်လေးရှိနေသည်…..ဖြူဖွေးတဲ့ဝတ်ရုံရှည်နဲ့နံဘေးပတ်လည်မှာ မွှေးပျံ့သောပန်းပွင့်များကလှပစွာအိပ်စက်လှဲလျောင်းနေသူကိုကူညီအားဖြည့်ပေးနေရှာ၏…ထိုအိပ်စက်နေသူရဲ့အနားမှာ ဒူးထောက်လျက်ပုံရိပ်ဖြူလေးရှိရာ ငေးမောကြည့်နေရှာသည်…။
“အရှင်…ရှီလာအရှင်ရောက်လာပါတယ်..”
“ဘယ်သူ့မှမဝင်ခိုင်းနဲ့လို့ ငါမှာထားတယ်မလား…ခြေတလှမ်းတောင်အဝင်မခံနဲ့…”
“ဟို..ဟို..နန်းဆောင်အတွင်းကိုတောင်ရောက်နေပါပြီအရှင်…”
“…..”
“မိုရမ်..သားတော်”
“ဘာအကြောင်းရှိလို့လာတာလဲ…”
“ကြာပန်းသခင်လေးကို အချိန်မနှောင်းခင်ဝိညာဉ်ထွက်ခွာခွင့်ပေးလိုက်ပါ….မင်း ဒီလိုလုပ်နေရင် ကြာပန်းသခင်အတွက်မကောင်းနိုင်ဘူး..”
“ဘာလုပ်ဖို့ကျုပ်ကိုအမိန့်တွေအခုမှလာပေးနေတာလဲ…..ဝမ်ငယ့်ကိုထွက်သွားခွင့်လဲမပေးနိုင်ဘူး….သူ့ရဲ့ရုပ်ကလာပ်ကိုလဲအပျောက်မခံနိုင်ဘူး…နဂိုထဲက သူ့ကိုခင်ဗျားတို့သေစေချင်နေတာမလား…အခုသူသေသွားပြီလေ ကျေနပ်တယ်မလား….သွားပါ ကျုပ်တို့နဲ့ဝေးဝေးနေပေးပါ…ဝမ်ငယ်သိရင်လဲ သူစိတ်ချမ်းမြေ့မှာမဟုတ်ဘူး…”
“မိုရမ်…မင်းတော်တော်ပြောရခက်ပါလား…ဒီလိုတွေ အကြာကြီးထားလို့မရဘူးဆိုတာမင်းသိပါတယ်…သူပြန်ဝင်စားလို့မရတော့မှာမင်းစိတ်မပူဘူးလား…ဟုတ်တယ် ငါအရင်ကမင်းတို့ကိုသဘောမတူဘူး…မဖြစ်သင့်တဲ့အရာမို့လို့ငါ့ဖက်ကသဘောမတူတာမဆန်းဘူး….မင်း ခမည်းတော်အပေါ်အမြင်မကြည်တာလဲဖြစ်သင့်ပါတယ်…ဒါပေမယ့် သူ့ကိုုသွားခွင့်ပေးလိုက်ပါ…”
YOU ARE READING
နှောင်ဖွဲ့လေသောသစ္စာ(OR)ကျိန်စာ (Complete)
FanfictionPart(1) to (10) ကအောက်မှာရှိပါတယ်နော် ရှေးခေတ်နဲ့ယခုခေတ်ရောရေးထားတဲ့ fic ကလေးပါ Zhanyi ပုံစံလေးပါရှင် 💞မင်းကို ကိုယ့်အနားမှာရှိဖို့အတွက်ကြိုးပေါင်းများစွာထဲကမှ အခိုင်ခံ့ဆုံးသော သစ္စာမေတ္တာကြိုးလေးနဲ့ကိုယ်ချည်နှောင်မယ်ရိပေါ် ဘယ်ဘဝမှာပဲရှိနေနေ ကို...