Part-6

1K 104 0
                                    

နှောင်ဖွဲ့လေသောသစ္စာ (သို့မဟုတ်)ကျိန်စာ
Part(6)

…...ဇာမဏီငှက်ရဲ့ကြီးမားကျယ်ပြန့်တဲ့ကျောပြင်ထက်ဝယ် ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့လူသားနှစ်ဦးကတော့ တွန်းထိုးရုန်းကန်နေမှု့ကို အရှိန်မလျော့ကျသေး…တစ်ယောက်က ခုန်ဆင်းဟန်ပြင်နေသည်ကို ကျန်တစ်ယောက်က ပြုတ်ကျမည်စိုး၍ လိုက်လံဖက်တွယ်ချုပ်နှောင်နေသည့်ဟန်….

“ငြိမ်ငြိမ်နေ…..မနေရင်မင်းကို ကိုယ်ဘာလုပ်မိမလဲ မသိတော့ဘူး ….အဲ့တော့မှကိုယ့်အဆိုးမဆိုနဲ့နော်  ဝမ်ငယ်…..” ရုန်းကန်တွန်းလှန်နေတဲ့ လက်သွယ်သွယ်နှစ်ဖက်ကို အတင်းစုချုပ်ရင်း သူ့ကိုမျက်နှာစူပုတ်လျက် မကျေမနပ်ကြည့်နေတဲ့ ကြာပန်းသခင်လေးကို ရင်ခွင်ကြားထဲရောက်အောင် ထိန်းပွေ့လိုက်သည်…..မခြိမ်းခြောက်လို့ကမရတော့ သူနာမှာစိုး၍အားအင်မသုံးပဲ အသာချုပ်နှောင်နေတာကို အတင်းရုန်းတော့ ကြာရင်နှစ်ဦးသား ဟန်ချက်ပျက်ကာ ပြုတ်ကျတော့မည်….

“မနေဘူး…လွှတ်…ကျွန်တော့်ကိုအခုချက်ချင်း ပြန်ပို့ပေး မိုရမ်….ခင်ဗျားကို ကျွန်တော်မမုန်းချင်ဘူး…..”

“မုန်းလေ…မင်းမုန်းလဲကိုယ်ဂရုမစိုက်ဘူး…ဘာလို့ဆိုကိုယ်က မင်းကိုနှစ်သက်နေလို့…ကိုယ်ကပိုချစ်ပေးမှာမို့လို့ပဲ……”

“ခင်ဗျား……ကျွတ်…ဘယ်လိုတောင်အရှက်မရှိတဲ့ နတ်ဘုရားလဲ…..”

“အင်း…ကိုယ်ကခပ်ဆိုးဆိုး နတ်ဘုရားပဲ….နေပါဦး…ကိုယ်ဆိုးအောင်လို့ ဘယ်သူအရင်စလုပ်တာလဲ…..ဘာလို့လက်ထပ်ပွဲကို ဆင်ယင်ကျင်းပနေတာလဲ….လက်ဆက်ပေးမယ်ဆိုပြီး ဘယ်သူက ကတိဖောက်ဖျက်ခဲ့တာလဲ….ကိုယ်သာမင်းတို့ကို သံသယမဖြစ်ခဲ့ရင် အခုချိန်မင်း ဟိုမိန်းကလေးနဲ့လက်ဆက်နေလောက်ပြီ….ပြောစမ်းပါဦး…ကိုယ်လုပ်ရပ်ကလွန်သလားဆိုတာ…….”

“လွန်တယ်….ခင်ဗျားကိုဘယ်တုန်းကမှ လက်ဆက်ပါ့မယ်လို့ ကျွန်တော်မပြောခဲ့သလို….တာရာနဲ့က ကျွန်တော်နဲ့တရားဝင်လက်ဆက်ပေးမယ့် သတို့သမီးလောင်းပဲ…..အခုလက်မထပ်ရလဲ နောက်တစ်နှစ်လောက်ဆို ကျွန်တော်တို့နှစ်ယောက်က ထိမ်းမြားလက်ဆက်ရမယ့်သူတွေပဲ…..”

နှောင်ဖွဲ့လေသောသစ္စာ(OR)ကျိန်စာ (Complete)Donde viven las historias. Descúbrelo ahora