🌸ပြန်လည်ကာပွင့်လန်းလာသည့်ကြာပန်းငယ်🌸
ဘုရားကျောင်းရဲ့ ကားဝင်ရာလမ်းတစ်လျောက် နှင်းမှုန်တို့ကို ဖမ်းယူဆော့ကစားနေသော ကလေးတစ်သိုက်ကတော့ နှင်းထုတွေကြားမြူးရွှင်လျက်...။ သူနှုတ်ခမ်းများက တစ်ချက်ပြုံးမိလိုက်သည်...။များမကြာခင်မှာ သူနှင့် liz လက်ထပ်ပြီး သည်ကလေးတွေလို ချစ်စရာကလေးလေး တစ်ယောက်လောက်မွေးမည်...။ပျော်ရွှင်တဲ့မိသားစု ဘဝလေးတည်ဆောက်ပြီး သူရဲ့မိဘများလို တစ်ကွဲတစ်ပြားဆီ မပြိုကွဲစေပဲ အေးချမ်းတဲ့ဘဝတစ်ခုသူဖန်တီးမည်...။ အနာဂတ်မှာ ကုန်ဆုံးချင်သည့် စိတ်ကူးစိတ်သန်းများကိုတွေးရင်း ရှိန်းအနည်းငယ်ကြည်နူးမိသည်...။ ဒီလက်ထပ်ပွဲလေးပြီးသွားရင် ခြောက်ခြားစရာအိမ်မက်တွေ ကျော်လွန်သွားပါပြီ....။ သက်ပြင်းတစ်ချက်ချရင်း လည်ပင်းကဆွဲကြိုးဆီ လက်ကရောက်သွား၏..။"ဟင်..ကြိုး...ဆွဲကြိုးရော..ကျွတ်"
လည်ပင်းမှာ ဖာသာပေးထားသောဆွဲကြိုးလေး မရှိတော့ပေ..။ ဒိန်းခနဲဖြစ်သွားတဲ့ရင်နှင့်အတူ ကလေးတွေဆီမသွားတော့ပဲ အစောပိုင်းသူ တွန်းတိုက်မိရင်း လဲကျသွားရာနေရာသို့နောက်ကြောင်းပြန်လှည့်လာခဲ့သည်...။
"ဟေ့လူ...ကား..ကားလာနေတယ်..နောက်ဆုတ်"
ကားပတ်လမ်းက နားနေရာခုံတန်းလေးမှာ ထိုင်ကာအနားယူနေကျသည့် လူတစ်ဦးကထိတ်လန့်စွာအော်ဟစ်လျက်...သူမည်မျှပင်အော်နေပါစေ လမ်းအစပ်ကိုပင်ဖြတ်လျောက်လာရင်း တစ်စုံတစ်ရာ ဟိုသည်ကြည့်ရင်းရှာဖွေနေသည့် ရှိန်းကတော့မကြားပေ...သူလဲကျသွားရာနေရာမှာ ငွေရောင်ပစ္စည်းလေးကိုတွေ့လိုက်ရသည်....ကြိုးလေးက ကားလမ်းပေါ်မှာငြိမ်သက်စွာပြုတ်ကျလျက်သား...။
"ဟူး...တော်သေးတာပေါ့...ပြန်တွေ့လို့"
ငွေရောင်ဆွဲကြိုးလေးကို ကောက်ရန်ခန္ဓာကိုယ်ကိုငုံ့ကိုင်းလိုက်စဉ်...လက်အစုံက ကြိုးလေးကိုမထိမိခင်မှာပဲ နားထဲမှာစက်သံတစ်ခုကိုအနီးကပ်ကြားလိုက်ရသလိုပင်....ငုံ့ထားသည့်ဦးခေါင်းတွေမော့ကာကြည့်လိုက်တော့ ရိပ်ခနဲအမည်းရောင်တစ်ခုက သူ့ဆီပြေးဝင်လာ၏....လွင့်စင်သွားသော လေထုထဲ ရှိန်းတစ်ကိုယ်လုံးမြောက်တက်သွားလျက်...။
YOU ARE READING
နှောင်ဖွဲ့လေသောသစ္စာ(OR)ကျိန်စာ (Complete)
FanfictionPart(1) to (10) ကအောက်မှာရှိပါတယ်နော် ရှေးခေတ်နဲ့ယခုခေတ်ရောရေးထားတဲ့ fic ကလေးပါ Zhanyi ပုံစံလေးပါရှင် 💞မင်းကို ကိုယ့်အနားမှာရှိဖို့အတွက်ကြိုးပေါင်းများစွာထဲကမှ အခိုင်ခံ့ဆုံးသော သစ္စာမေတ္တာကြိုးလေးနဲ့ကိုယ်ချည်နှောင်မယ်ရိပေါ် ဘယ်ဘဝမှာပဲရှိနေနေ ကို...