Unicode
🥀နူးညံ့တဲ့ကြာပန်းလေးညှိုးနွမ်းလာခြင်း🥀"အထိန်းတော်ယန်....ဗုဒ္ဓတောင်ပေါ်မှာ ဆုတောင်းရင်ပြည့်တယ်ဆို...သွားဖူးလား"
"ပြောတာတော့ကြားဖူးပါတယ် သခင်လေး...ဗုဒ္ဓတောင်ပေါ်ကအရမ်းမြင့်တဲ့တောင်ပေါ်လို့တော့ပြောကြပါတယ်...သခင်လေးသွားချင်လို့လား"
"အင်း...ဗုဒ္ဓနယ်မြေဆိုတော့ အရမ်းကိုအေးချမ်းမှာပဲ..သွားချင်တယ်.."
"အခုတော့မသွားပါနဲ့ သခင်လေးရယ်..အရှင်ကဘယ်မှမသွားဖို့မှာထားလို့ပါ...သွားချင်ရင် အရှင်ပြန်ရောက်လာမှသွားနော်"
"ကြင်ယာတော်ရှင်းအာ နန်းဆောင်ကိုလာလည်ကြောင်းပါအရှင်.."
"အဲ့ဒီမိန်းမ ဘာလာလုပ်ပြန်ပြီလဲ..အဝင်မခံနဲ့ ယင်လေး.."
"ဝင်ခိုင်းလိုက်ပါ အထိန်းတော်ယန်..အချင်းချင်းရောက်ပြီးမှတော့ပြန်လွှတ်တာမကောင်းပါဘူး..သူလဲပျင်းရိငြီးငွေ့ရှာလို့နေမှာပေါ့.."
"ဒါမယ့် အရှင်က.."
"ဝင်လာခိုင်းလိုက်ပါ.."
"သခင်လေးနဲ့တော့ အရမ်းခက်တာပဲ..အမြဲစိတ်ထားကောင်းတာမကောင်းဘူး..သူ ဒီလိုလာနေတာ ဘာကြံနေလဲမသိဘူး"
....တားမရသည့်အဆုံး ရှင်းအာကိုအဆောင်ထဲဝင်ခိုင်းလိုက်ရသည်...အထိန်းတော် တစ်ယောက်နဲ့အတူပြုံးရွှင်စွာဝင်လာတဲ့ ရှင်းအာကအခန်းတွင်းဝေ့ဝဲကာအကဲခတ်တယ်...အရမ်းကိုလှပတယ်ဆိုတာ အပြောမဟုတ်ဘူးပဲ..ကတ္တီပါအနီစတွေတလွင့်လွင့်နဲ့ အမွှေးနံ့သာတစ်မျိုးထုံသင်းနေတဲ့အဆောင်တော်က အရမ်းကိုလှပသည်...သလွန်တော်ပေါ်ထိုင်နေတဲ့ ကြာပန်းသခင်က ကျောက်ဆစ်ပန်းပုရုပ်နှယ် လှပသိမ့်မွေ့လွန်းသည်..ယောကျာ်းသားတစ်ယောက်ကဤမျှအထိလှပဖို့လိုသလား...ကြာပန်းနန်းဆောင်ထဲဝင်မလာခင် ရေကန်ငယ်လေးထဲလှပတဲ့ကြာပန်းပေါင်းစုံက မွှေးရနံံ့တွေလှိုင်ကာ နန်းဆောင်ရဲ့အလှကိုပိုပေါ်အောင် အစွမ်းကုန်ငွားငွားစွင့်ပွင့်ဖူးနေကြသည်...ထိုပန်းတွေရော ပန်းတွေရဲ့အရှင်သခင်ရော အကုန်လုံးကိုတစ်ပြိုင်တည်း ဇီဝိန်ချုပ်သွားအောင်လုပ်ပစ်ချင်စိတ်က ရင်ထဲမှာတားမရဆီးမရ...အခုလဲ ဒင်းကိုအသက်ဇီဝိန်ခြွေဖို့မလိုတော့ပါဘူးလေ...ရက်အနည်းငယ်ပဲ ဒုက္ခခံပြီးကြည့်လိုက်ပါ့မယ်....။
VOUS LISEZ
နှောင်ဖွဲ့လေသောသစ္စာ(OR)ကျိန်စာ (Complete)
FanfictionPart(1) to (10) ကအောက်မှာရှိပါတယ်နော် ရှေးခေတ်နဲ့ယခုခေတ်ရောရေးထားတဲ့ fic ကလေးပါ Zhanyi ပုံစံလေးပါရှင် 💞မင်းကို ကိုယ့်အနားမှာရှိဖို့အတွက်ကြိုးပေါင်းများစွာထဲကမှ အခိုင်ခံ့ဆုံးသော သစ္စာမေတ္တာကြိုးလေးနဲ့ကိုယ်ချည်နှောင်မယ်ရိပေါ် ဘယ်ဘဝမှာပဲရှိနေနေ ကို...