နှောင်ဖွဲ့လေသောသစ္စာ (သို့မဟုတ်)ကျိန်စာ
Part(8)….အေးစက်စက်ရေခဲနဲ့နှင်းထုက ချစ်သူအတွက်ဆို စိတ်ကြည်နူးစရာဖန်တီးပေးဖို့ စွမ်းအားရထားလေသလား မှတ်ယူရသလားပင်….မှန်သည် သူတို့နှစ်ဦးသား ဆန်းပြားလှပတဲ့ပန်းမျိုးစုံတဲ့ ဥယျာဉ်တော်ကို ကျော်ဖြတ်လာတဲ့အခါမှာ အနောက်တံခါးကိုရောက်လာတာပင်…….
“ဝမ်ငယ်…ဒါက ကိုယ့်ရဲ့အနောက်နန်းဆောင်ထွက်ပေါက်ပဲ…ဒီနန်းဆောင်တံခါးက တော်ရုံဆို ကိုယ်မသုံးဖြစ်ဘူးလေ… ….နောက်ဒီတံခါးရဲ့ဟိုဖက်ခြမ်းမှာ အန္တရာယ်ရှိတယ်လို့ပြောရမယ်….ကိုယ်နဲ့ရန်ငြိုးရှိဖူးတဲ့နတ်ဆိုးတစ်ကောင်ရှိတယ်….သူ့ပိုင်နက်က ဒီအနောက်တံခါးကနေ ဟိုဖက်မြောက်ဖက်ဂိတ်ပေါက်ထိ ကိုယ်နဲ့နယ်နမိတ်ချင်းဆက်နေတာလေ….ဒါကြောင့်ကိုယ်က အကုန်တံခါးသုံးပေါက်လုံးကို အကြောင်းကိစ္စမရှိပဲ အသုံးမပြုဘူး…..” အနားမှာငြိမ်သက်ကာ အတူယှဉ်တွဲလျောက်လာရင်း သူ့နန်းဆောင်နဲ့ပက်သက်သမျှတွေကို မချွင်းမချန်ပြောပြနေမိသည်….တစ်ကယ်ဆို သူ့ရဲ့နန်းမဆောင်ကလွဲလို့ ကျန်သည့်နေရာတွေကို သူ့ဖခင်တောင် မခေါ်ဘူးဆိုတာ ဝမ်ငယ်သိရင် သူ့ကိုလှောင်ပြောင်လေမလားလေ……
“ကျွီ….” တဖြည်းဖြည်းပွင့်လာတဲ့ ကျောက်သားတံခါးဖြူကြီးနောက်ကထွက်ပေါ်လာသောမြင်ကွင်းကြောင့် ဝမ်ရိပေါ် အံ့အားတစ်သင့်ဖြစ်သွားရှာသည်….လှလိုက်တာလို့ ရေရွတ်မိမတတ်ပင်….နှင်းဖုံးရေခဲတောင်တန်းကြီးက ထီးထီးမားမားကြီးနဲ့ တည်ရှိပြီး သိပ်မဝေးလှသောရေခဲပြင်ပေါ် သစ်ပင်တို့ကစိမ်းစို စီတန်းပေါက်ရောက်နေပြီး ရွှေအိုရောင် သမင်လေးများလဲရှိလို့နေသည်…အထူးဆန်းဆုံးက ရေအိုင်လေးပင် ကြည်လင်တောက်ပနေပြီး တစ်ထီးတစ်နန်းဆန်စွာ နှင်းတွေပတ်ပတ်လည်ဖုံးကာထားတဲ့ တောင်နဲ့ပနံ့တင့်တယ်စွာ တည်ရှိနေတာပဲ…ရေအိုင်နားမှာရေသောက်ဆင်းနေတဲ့ ရွှေရောင်သမင်လေးများ ကျေးငှက်လေးများနဲ့အသက်ဝင်လှပလွန်းသည်…..စိတ်ကမစေခိုင်းခင် ခြေဖျားတို့ကရွှေ့လျားကာ ရေအိုင်ဆီသိုလှမ်းမိနေပေပြီ…..ရေအိုင်နားထိရောက်အောင်တိုးကပ်သွားရင်း အနားရောက်တော့ ဒူးကွေးထိုင်ချလိုက်ကာ ရေအိုင်ဆီလက်လှမ်းရန်ပြင်လိုက်သည်…..
VOUS LISEZ
နှောင်ဖွဲ့လေသောသစ္စာ(OR)ကျိန်စာ (Complete)
FanfictionPart(1) to (10) ကအောက်မှာရှိပါတယ်နော် ရှေးခေတ်နဲ့ယခုခေတ်ရောရေးထားတဲ့ fic ကလေးပါ Zhanyi ပုံစံလေးပါရှင် 💞မင်းကို ကိုယ့်အနားမှာရှိဖို့အတွက်ကြိုးပေါင်းများစွာထဲကမှ အခိုင်ခံ့ဆုံးသော သစ္စာမေတ္တာကြိုးလေးနဲ့ကိုယ်ချည်နှောင်မယ်ရိပေါ် ဘယ်ဘဝမှာပဲရှိနေနေ ကို...