Part-16

1.2K 131 9
                                    

(Zawgyi)
နှောင်ဖွဲ့လေသောသစ္စာ (သို့မဟုတ်)ကျိန်စာ
Part(16)

***ဖြူစင်သောလိမ်လည်ခြင်းနှင့် ရိုးရှင်းသောနှလုံးသားတစ်စုံ***

“အင်း….”
…တစ်ကိုယ်လုံးပူလောင်ကျိန်းစပ်ကာ တုတ်တုတ်မျှမလှုပ်ချင်လောက်အောင် နာကျင်နေရသည် …ထိုမျှမကသေး သွေးစိမ်းရှင်ရှင်ယိုစီးနေတဲ့ လောလောလတ်လတ် ကြာပွတ်ရာများ….နှုတ်ခမ်းဖျားထောင့်မှာ စိမ့်ထွက်စီးကျနေတဲ့ သွေးစတို့ကို လက်နဲ့ခပ်ကြမ်းကြမ်းပွတ်သုတ်ရင်း ဒူးကိုပြန်လည်အားယူထောက်ကာ ခေတ္တရပ်စောင့်နေတဲ့ နတ်ငယ်နှစ်ပါးကို မျက်လုံးတွေဝေ့ဝဲကြည့်လိုက်သည်….သူပြန်လည်ထထိုင်တာမြင်တာနဲ့ လွှဲရိုက်ဖို့လူးလွန့်လာတဲ့ မီးကြာပွတ်…..မနီးမဝေးကစစ်ဆေးရေးနတ်နှစ်ပါးထဲမှ တစ်ပါးကလက်မြှောက်အချက်ပြ ဝှေ့ယမ်းလိုက်သည်နှင့် မီးတောက်ဟုန်းခနဲထလောင်ကာ အမြင့်ကိုအရှိန်နဲ့တက်သွားပြီး အားကုန်လွှဲရင်းပြန်ဆင်းလာတဲ့ ကြာပွတ်…..

“ရွှမ်း…အ…”
…နာကျင်တယ် ဒါပေမယ့် အပေါ်ယံဒဏ်ရာတွေတော့မဟုတ်ဘူး….သွေးမထွက်ပဲ အစိမ်းလိုက်ကွဲကြေနေသလိုခံစားနေရတဲ့ သူ့နှစ်လုံးသား…တစ်စုံတစ်ယောက်ကိုချစ်မိလို့ သူသေပွဲဝင်သွားလို့ ရူးတယ်ပြောစမ်းပါစေ…ကိုယ်ချစ်နှစ်သက်တဲ့သူအတွက် သက်သေပြရင်းသေသွားတာကပိုမကောင်းဘူးလား….အချက်ရေတွေများလာလေ သူ့ရဲ့ခံနိုင်စွမ်းအားတွေလဲ လျော့ကျလာလေပဲ…ဆန်တက်လာတဲ့သွေးပွက်တို့ကို အန်မထွက်မိအောင် အတင်းမြိုသိပ်ထိန်းချုပ်ထားတော့ ပါးစပ်ထဲပြည့်တက်လာတဲ့သွေးတို့က ပါးစပ်ထောင့်နှစ်ဖက်ကနေ တစိမ့်စိမ့်စီးဆင်းလာသည်မှာ ရေခဲမြစ်သဖွယ်…..မငိုပါပဲ စီးဆင်းလာတဲ့ မျက်ရည်တွေ….ကိုယ်အရှုံးပေးခဲ့တယ် ဝမ်ငယ် အရာရာကိုမရရင် ရတဲ့နည်းနဲ့သိမ်းပိုက်တတ်တဲ့ ကိုယ့်အတ္တတွေက မင်းရဲ့အေးချမ်းတဲ့ အပြုံးတွေအောက်မှာ ကိုယ်ထာဝစဉ်ကျရှုံးသွားခဲ့ပြီ…..ကိုယ်ကျေနပ်တယ် ကိုယ်မရှိတော့တဲ့အခါ တစ်ခါတစ်ရံတော့ ကိုယ့်အတွက်သတိရပေးမယ်မလား….မာနတွေခေါင်ခိုက်တဲ့ ထင်ရာစိုင်းလုပ်ချင်ရာလုပ်တဲ့ ရေခဲသခင်မိုရမ်ဆိုတဲ့ကိုယ်ဟာ မင်းရှေ့မှာတော့ မလိမ်ညာတတ်တဲ့ယုန်ပမာပါပဲ…...နောက်ထပ် နောက်ထပ်တွေမှာ ကြုံဆုံခဲ့ရရင် မင်းချစ်တဲ့သူ ကိုယ်ဖြစ်ပါရစေ……

နှောင်ဖွဲ့လေသောသစ္စာ(OR)ကျိန်စာ (Complete)Tempat cerita menjadi hidup. Temukan sekarang