Unicode
❄️ကြင်ယာတော်ဟောင်းရဲ့ကျီစယ်ခြင်း❄️"ရှိန်း...ငါတို့အမဲလိုက်ဖို့အသင့်ဖြစ်နေပြီနော်..နှစ်ဖွဲ့ခွဲသွားကြမယ်...ငါတို့က မြောက်ဖက်ကို လမ်းပြတစ်ယောက်နဲ့သွားမယ်..မင်းတို့ကရော.."
"ငါနဲ့ lizက တောင်ဖက်ကိုတက်မယ်..အဲ့ဖက်မှာနှင်းဖုံးတာများတော့ကတိုးရှိနိုင်လောက်တယ်"
"အိုခေ...ဒါဆို တို့တွေအဆာပြေစားသောက်ပြီးရင် အမဲလိုက်ကြတာပေါ့...အားလုံးဂရုစိုက်ကြဦး...လူစုမကွဲစေနဲ့"
.....သူတို့အားလုံး မောင်းပြန်ရိုင်ဖယ်ကိုယ်စီနဲ့ မနက်သရေစာစားပြီးကတည်းက ရေခဲတောင်ရဲ့ အထွဋ်အဖျားရှိရာဖက် တက်ခဲ့ကြသည်...မနက်အစောပိုင်း အေးစိမ့်မှု့နဲ့အတူ ထင်းရှုးပင်မှနှင်းရည်စက်တို့က ဟိုတပေါက် ဒီတပေါက်တစက်စက်ကျလို့နေ၏....။
"ဒါလင်....lizတို့ နောက်နှစ်ရက်ဆိုပြန်ရတော့မှာနော်...တရုတ်ကသဘာဝရှု့ခင်းတွေအရမ်းလှတာပဲ...lizတို့ဟန်းနီးမွန်းကိုဒီပဲထပ်လာကြမလား"
"liz သဘောပဲ....ကိုယ်ကဘယ်သွားသွားရတယ်"
"ဒုန်း..."
.....သောက်လက်စသေရည်ခွက်ကို ကျောက်သားစားပွဲပေါ်ဆောင့်ချရင်း လက်သီးကိုအကြောများထောင်ထအောင် မိုရမ်ဆုပ်ထားမိသည်....ဒီနေရာအထိ လာလို့ရအောင်မင်းတို့ကဘယ်သူ့ဆန္ဒနဲ့လဲ...အဟက်...ငါ့ရဲ့ချစ်လှစွာသောဝမ်ငယ်ကြောင့် ဒီအထိတက်လာလို့ရနေတာကို မသိကြတာလား....ထိုင်နေရာမှဖြေးညှင်းစွာရပ်ရင်း စိတ်ချင်းဆက်သွယ်ကာတစ်နေရာသို့လှမ်းကာတစ်စုံတစ်ခုကိုခေါ်လိုက်သည်...သိပ်မကြာခင်မှာ သူ့ရဲ့စီးတော်ငှက်နဲ့အတူ ချိုင်ယွီကရောက်လာ၏...။
"မိုရမ်....ဘာကိစ္စထူးလို့လဲ"
"မင်း...ဝမ်ငယ့်ကိုမတွေ့ရသေးဘူးမလား....အခု ဒီကိုသူရောက်နေပြီ"
"ဘာ!!..တစ်ကယ်ကြီးလား...သူဘယ်မှာလဲ...ဘာလို့သွားမခေါ်တာလဲ"
"ဝမ်ငယ်က ငါ့ကိုမမှတ်မိဘူး...ကြည့်ရတာ သူ့ရဲ့မှတ်ဥာဏ်တွေက ရာစုနှစ်ကြာသွားလို့မေ့သွားတာလား?...ဒါမယ့် ငါပြန်ခေါ်လာမှာပါ....မင်းကြည့်...ဒီထဲကလူက ဝမ်ငယ်ဟုတ်မဟုတ်ဆိုတာ"
ESTÁS LEYENDO
နှောင်ဖွဲ့လေသောသစ္စာ(OR)ကျိန်စာ (Complete)
FanficPart(1) to (10) ကအောက်မှာရှိပါတယ်နော် ရှေးခေတ်နဲ့ယခုခေတ်ရောရေးထားတဲ့ fic ကလေးပါ Zhanyi ပုံစံလေးပါရှင် 💞မင်းကို ကိုယ့်အနားမှာရှိဖို့အတွက်ကြိုးပေါင်းများစွာထဲကမှ အခိုင်ခံ့ဆုံးသော သစ္စာမေတ္တာကြိုးလေးနဲ့ကိုယ်ချည်နှောင်မယ်ရိပေါ် ဘယ်ဘဝမှာပဲရှိနေနေ ကို...