(Zawgyi)
📜မလွှဲရှောင်သာသောကံကြမ္မာနှင့်ထာဝရနှလုံးသားမှကြင်ယာတော်နေရာ💝
“ဝမ်ငယ် နောက်ဆုတ်နေ….အထိန်းတော်ချုပ်…ဝမ်ငယ်ကို နားနေဆောင်ထဲ ခေါ်သွားတော့….”
“ဟင့်အင်း…အဲ့လိုမလုပ်နဲ့…ကျွန်တော် အရှင့်အနားမှာပဲနေမယ်…”
“ဝမ်ငယ်…ခေါင်းမမာနဲ့…ကိုယ် ခဏနေရင် လက်ထပ်ပွဲပြန်ပြီးကျင်းပမှာ..အခုတော့ခဏလေး သွားနားနေနော်….”
….နှစ်ဦးသားတစ်ယောက်နှင့်တစ်ယောက် လက်ချင်းထပ်ဆုပ်ထားရက်နှင့် မိုရမ်က အထိန်းတော်မိန်းကလေးအဖွဲ့ဆီ ဝမ်ငယ့်ကိုတွန်းလွှတ်သော်လဲ သူ့လက်ကိုမလွှတ်တမ်း ပြန်လည်ဆုပ်ကိုင်ထားတဲ့ ဝမ်ငယ်ကြောင့် ဘာလုပ်ရမှန်းပင်မသိတော့…မျက်နှာငယ်စွာ သူ့ကိုမော့ကြည့်နေသူကြောင့် သူရင်ထဲမချိအောင်နာရသလို တစ်ဖက်ကသူတွေကိုလဲ အမှုန့်တောင်မကျန်အောင် နင်းချေပစ်ချင်နေမိသည်….နှစ်ဦးသား အငြင်းပွားနေတုန်းမှာပဲ…“ဝမ်ရိပေါ်….မင်း နေရဉ္စနာကိုပြန်လိုက်ခဲ့ပါ…မယ်တော်တို့ရဲ့ တိုင်းပြည်ကို မင်းရဲ့ဘာတန်ဖိုးမှမရှိတဲ့ လက်ထပ်ပွဲတစ်ခုနဲ့ပျက်စီးစေချင်လို့လား…မင်း..ငါသေသွားတာမြင်ချင်လို့လား ဝမ်ရိပေါ်…မင်းရဲ့ဖခင်ကို မငဲ့တော့ဘူးလား….ပြန်လိုက်ခဲ့ပါ….”
….မတင်းလွန်း မမာလွန်းသောလေသံနှင့် ဝမ်မိဖုရားက အနည်းငယ်ရှေ့တိုးထွက်လာကာ သားဖြစ်သူကို ဖျောင်းဖျနိုင်ရေးကြိုးပမ်းနေကာ….“ဝမ်ငယ်…ပြန်လိုက်သွားစရာမလိုဘူးနော်…..မင်းကိုယ့်အနားမှာနေမယ်လို့ ကတိပေးထားပြီးသားနော်…”
“မိုရမ်…ကျွန်တော်….ကျွန်တော်..ဘာလုပ်ရမလဲဟင်….”
….ဆုပ်ကိုင်ထားတဲ့လက်ဖဝါးကို ငုံ့ကြည့်ရင်း ဆောက်တည်ရာမရစွာ ပါးပြင်ပေါ်မျက်ရည်များစီးကျလာတော့တယ်….သူ အခုမှရွေးချယ်ဖို့ခက်ပြီ…တစ်ဖက်မှာ မိခင်နှင့် တိုင်းပြည်…တစ်ဖက်မှာ မိမိချစ်ခင်ရသူ….“နေကြပါဦး…ဟိုမိန်းကလေးကအရမ်းကို လက်ထပ်ချင်နေပုံရတယ်…ကျွန်တော်မှာကလဲ ပိုင်ရှင်မရှိသေးတော့ စိတ်ဝင်စားရင် ကျွန်တော်ယူပါရစေဗျ….”
YOU ARE READING
နှောင်ဖွဲ့လေသောသစ္စာ(OR)ကျိန်စာ (Complete)
FanfictionPart(1) to (10) ကအောက်မှာရှိပါတယ်နော် ရှေးခေတ်နဲ့ယခုခေတ်ရောရေးထားတဲ့ fic ကလေးပါ Zhanyi ပုံစံလေးပါရှင် 💞မင်းကို ကိုယ့်အနားမှာရှိဖို့အတွက်ကြိုးပေါင်းများစွာထဲကမှ အခိုင်ခံ့ဆုံးသော သစ္စာမေတ္တာကြိုးလေးနဲ့ကိုယ်ချည်နှောင်မယ်ရိပေါ် ဘယ်ဘဝမှာပဲရှိနေနေ ကို...