Part-40

1.1K 112 2
                                    

🔥လှပစွာကလဲ့စားချေခြင်း🔥

"ငါ့ကိုဒုက္ခပေးလွန်းတယ်...မင်းက အခုထိငါ့ရဲ့ကျန်နေသေးတဲ့ဘဝသက်တမ်းတွေကိုမပျော်ရွှင်စေချင်ဘူးပဲ...တစ်ကယ်လို့..မင်း...သေသွားခဲ့ရင် ငါ့ကိုအပြစ်မတင်ပါနဲ့"

ဤသည်ကတော့ ရှင်းအာတစ်ယောက်မိမိရဲ့အဆောင်တို့သို့ပြန်ရောက်ပြီး တိုးတိတ်စွာရေရွတ်ကြိမ်းဝါးနေသည်ပင် ။

"မဖြစ်ဘူး...မင်း အသက်ရှင်လို့မရတော့ဘူး...အသက်ပြန်ရှင်လာတာကမင်းရဲ့အပြစ်ပဲ"

ထပ်မံအပြစ်တင်ပြီးနောက် ရှင်းအာမိမိရဲ့နန်းဆောင်မှ တိတ်တဆိတ်ထွက်ခွာခဲ့၏...သူမ၏ရှေးရှု့သွားနေသည့်ခရီးကတာ့ ရှီလာရဲ့ရေခဲတောင်နယ်နမိတ်အစွန်းသို့ပင်....သူမရဲ့ စီးတော်ငှက်သယ်ဆောင်ရာကို သောကပွေစွာလိုက်ပါစီးနင်းရင်း သားကောင်ရှိရာကိုသာရောက်ချင်နေမိတော့သည်..။

"မိုရမ်..သူမက ငါတို့မှန်းထားတာထက် မြန်အောင်လှုပ်ရှားတာပဲ....ပင်မနန်းဆောင်ကနေပြန်တာနဲ့ကို ဝမ်ငယ့်ဆီ တန်းသွားမယ်လို့မထင်မိဘူး "

တိတ်တဆိတ် ရှင်းအာရဲ့အခြေနေကိုစောင့်ကြည့်နေသူချိုင်ယွီထံမှ မှတ်ချက်စကားထွက်လာ၏...။

"မြန်တော့လဲကောင်းတာပေါ့...ငါတို့သူ့ကိုရှင်းထုတ်ဖို့ အချိန်တွေအကြာကြီးစောင့်နေစရာမလိုတော့ဘူးပေါ့...ငါတို့လဲသွားရအောင်"

ခေတ္တစောင့်ဆိုင်းပြီးနောက် မိုရမ်နဲ့ချိုင်ယွီတို့နှစ်ဦးသား ရှင်းအာသွားသောရှီလာနယ်နမိတ်အဆုံးသို့ဦးတည်လိုက်ကြသည်...ညအမှောင်တွေတစတစကြီးစိုးလာသည်နှင့်အမျှ ကိုယ်စီကိုယ်ငှအလုပ်ရှုပ်နေကြ၏...ပြေးသောသူနှင့်လိုက်သော သူတို့အကြားအချိန်စက်ဝန်းက တဖြေးဖြေးလည်ရင်းကုန်ဆုံးနေတော့သည်..။

"ရှိန်း...ဟိုမှာ တောင်ခြေစခန်းကိုမြင်နေရပြီ"

...ဂျက်က မီးရောင်မှိန်ပြပြလင်းနေတဲ့ တောင်ခြေကင်းစခန်းငယ်ကို ရှိန်းအားလှမ်းပြ၏...ရှိန်း မီးရောင်ပျပျဖက်ကိုလှမ်းကြည့်ပြီး စိတ်တဝက်တော့အေးသွားနိုင်ပေပြီ...ဒီတောင်ခြေစခန်းကနေ နှင်းလျောယာဥ်တွေစီချိတ်ဆက်ခိုင်းပြီးသွားမယ်ဆို မိုးမလင်းခင်မှာပင် ဒီနယ်မြေကနေသူတို့အမြန်ထွက်ခွာနိုင်ပေလိမ့်မည်..တစ်ခုပဲ သူတို့ဆီလာဖို့နှင်းလျောမောင်းသူများရှိနေပါစေဟုကျိတ်ကာဆုတောင်းရင်းသာ...ညဖက်ကြီးအေးစိမ့်နေတဲ့ရာသီဥတုကိုဖြတ်ပြီး သူတို့ဆီလာဖို့ကကျိန်းသေတွက်ဆလို့ရသည့်မျော့်လင်ချက်မဟုတ်လို့ပေ...သည်အချိန်ကတာဝန်ကျကင်းစခန်းများမှလွဲရင် ကျန်သည့်သူများအလုပ်နားနေလောက်ကြပြီ..။

နှောင်ဖွဲ့လေသောသစ္စာ(OR)ကျိန်စာ (Complete)Wo Geschichten leben. Entdecke jetzt