💞💞💞အနီရင့်ရင့်ကတ္တီပါအိပ်စက်ယာမှ သံစဉ်မညီတဲ့ည💞💞💞
“ဝမ်ငယ်….ကိုယ်တို့အထဲဝင်နားရအောင်……”
“အင်း…ကောင်းပြီလေ….”
.....လမင်းကတာဝန်ကျေစွာ အလင်းဖြာဝေနေတဲ့ ညချမ်းမှာ ချစ်သူစုံတွဲတွေဆိုရင်တော့ ဒါဟာပျော်ရွှင်ဖွယ်ရာ ညချမ်းအခါဖြစ်နိုင်ပေမယ့် သူတို့နှစ်ဦးထဲမှာ တစ်ဦးကသာတစ်ဖက်သတ်ဆန်ဆန် အချစ်ပဲရှိသေးတာလေ….အပြည့်အဝပျော်ရွှင်စရာတော့ ခံစားမှု့မပေးနိုင်သေးတာအမှန်ပဲ….နှစ်ဦးသား အိပ်ဆောင်ထဲလှမ်းဝင်လိုက်ရင်းမှာပဲ…အရှေ့ကအရင်ဝင်သွားတဲ့ အရိပ်ကလေးကခြေလှမ်းတွေတုံ့ကနဲ ရပ်သွားရင်း နောက်ဖက်ကိုချာကနဲ မျက်နှာလေးကလှည့်လာတယ်….
“အရှင်…အိပ်ရာက တစ်ခုတည်းရယ်….ကျွန်တော်တို့က နှစ်ယောက်ဘယ်လိုအိပ်ကြမလဲ…..” မျက်စိရှေ့နေရာယူထားတာက နီရဲနေတဲ့ အခင်းပြင်ပေါ်မှာ ကြာပန်းပွင့်ပုံစံနဲ့အလှဆင်ထားတဲ့ ကတ္ထီပါရောင် အခင်းပြင်….အခန်းကလဲ အရမ်းကို မကျယ်ပဲ နှစ်ဦးသား အတွက် ကျယ်သည်ဆိုရုံလေး…နောက်ထပ်အဆောင်လဲ ထပ်မတွေ့တော့တာကြောင့် အိပ်ဆောင်က တစ်ခုပဲရှိအောင် မိုရမ်ပြင်ထားတာဖြစ်မည်….
“အာ…ဟုတ်တယ်…ကိုယ်အရင်က မင်းကိုသီးသန့်လက်ဆောင်ပေးဖို့ ရည်ရွယ်ထားတာလေ…တစ်ယောက်တည်းပဲဆိုတော့ ကိုယ်အိပ်ဆောင် အသစ်ထပ်မထည့်တော့တာ ….ဝမ်ငယ်က သလွန်ပေါ်အိပ်လိုက်လေ ကိုယ်ကဒီမှာပဲ အိပ်လိုက်မယ်…..” တစ်ကယ်တော့ ဒီနန်းဆောင်လေးကို သူတို့နှစ်ဦးလက်ထပ်ပြီးမှ လာနေဖို့အတွက် ဝမ်ငယ့်ကိုလက်ဆောင်ပေးရန် သူရည်ရွယ်ထားတာမို့ အိပ်ဆောင်က တစ်ခုတည်းပဲပါသည်…
“အဲ့မှာက ဘယ်လိုလုပ်အိပ်မှာလဲ…ကြမ်းပြင်ကြီးမှာ…..ဒီမှာပဲ လာအိပ်ပါ အခင်းကလဲနှစ်ယောက်အိပ်ဖို့ကျယ်တာပဲ…..ကျွန်တော်က အငယ်ဆိုတော့ အပေါ်မှာအိပ်စက်ရင်လဲ မသင့်တော်ပါဘူး…အရှင် ဒီမှာပဲ လာအိပ်လိုက်ပါ…..” အိပ်စရာဖြင့်မရှိပဲနဲ့ ကြမ်းပြင်ပေါ်အိပ်မယ်ဆိုတော့ ရွေးချယ်စရာကမရှိတော့…နှစ်ယောက်သားတူတူအိပ်စက်ဖို့ပဲ ရွေးရတော့မည်လေ….
YOU ARE READING
နှောင်ဖွဲ့လေသောသစ္စာ(OR)ကျိန်စာ (Complete)
FanfictionPart(1) to (10) ကအောက်မှာရှိပါတယ်နော် ရှေးခေတ်နဲ့ယခုခေတ်ရောရေးထားတဲ့ fic ကလေးပါ Zhanyi ပုံစံလေးပါရှင် 💞မင်းကို ကိုယ့်အနားမှာရှိဖို့အတွက်ကြိုးပေါင်းများစွာထဲကမှ အခိုင်ခံ့ဆုံးသော သစ္စာမေတ္တာကြိုးလေးနဲ့ကိုယ်ချည်နှောင်မယ်ရိပေါ် ဘယ်ဘဝမှာပဲရှိနေနေ ကို...