(Zawgyi)
☃️ချစ်သက်သေငွေပုလဲနဲ့ သောကတစ်စုံတစ်ရာ☃️“ဒီနားလေးမှာ ဒါလေးချိတ်ရင်ကောင်းမယ်နော်….”
….လက်ထဲကမီးပုံးနီနီလေးတွေကို ကိုင်မြှောက်ကြည့်လိုက် နံရံနားကပ်ကြည့်လိုက်နဲ့ အထိန်းတော် မိန်းကလေးတစ်သိုက်ဝန်းရံကာ ကြာပန်းသခင်လေးတစ်ယောက် အလုပ်ရှုပ်နေသည်….လက်ထပ်မင်္ဂလာဆင်ယင်ရန်အတွက် ကြီးကျယ်ခမ်းနားပေမယ့် ခြောက်ကပ်ကပ်ရေခဲနန်းဆောင်ကို မြိုင်ဆိုင်နေအောင် အလှဆင်နေရတာ လွယ်ကူလှသည်တော့ မဟုတ်ပေ….အထိန်းတော်များမှာလဲ ပျော်ရွှင်စွာ မီးပုံးတွေနဲ့ မွှေးပွအမွှားကြိုးနီနီလေးများကို နန်းဆောင်တိုင်းရဲ့နံရံမှာ လိုက်လံချိတ်ဆွဲကာ ပြုံးပျော်နေကျတယ်….“အဝင်ဝမှာ ဒီမီးပုံးအကြီးကြီးကို ချိတ်လိုက်ရင် ပိုလှသွားမှာ…ဒီနားလေးမှာ ချိတ်မယ်….”
…ပြောပြီးတာနဲ့ ခပ်မြန်မြန်ပဲ အဝင်ပေါက်ဝနားက အမိုးထိပ်ဖျားဆီ သွက်သွက်လျောက်သွားလိုက်သည်…အမိုးအောက်ကိုရောက်သွားသော်လဲ လက်လှမ်းလိုက်တော့ အတော်မှီဖို့လိုသေးသည်….ခုန်ဆွခုန်ဆွနဲ့ မီးပုံးကိုကိုင်ကာ အမိုးနားကချိတ်ဆီ လှမ်းချိတ်နေပေမယ့် မမှီပဲဖြစ်နေတယ်….ထိုစဉ်…..“အား .. !!!”
…မြောက်ခနဲ ခါးကနေတစ်စုံတစ်ယောက်ကိုင်ကာ ပင့်မလိုက်သလို လူကမြောက်တက်သွားသည်…..လူကလေထဲ ကြွခနဲတက်သွားခြင်းကြောင့် အာမေဋိတ်သံတောင်ထွက်သွားရတယ်….မီးပုံးကြီးကိုင်ရင်း အောက်ကိုငုံ့ကြည့်တော့ သူ့ကိုရီကျဲကျဲနဲ့ မော့ကြည့်နေတဲ့ မိုရမ်ရယ်…“ချိတ်လေ…မမှီသေးဘူးလား….ကိုယ်ထပ်မြှောက်ပေးရမလား….”
“ရပြီ…ခိုင်ခိုင်ကိုင်ထားနော်…..ကျွန်တော်ပြုတ်ကျမှာကြောက်လို့…..”
….လက်ကိုပင့်မြှောက်ရင်း မီးပုံးကအောင်မြင်စွာ ဝင်ပေါက်ဝကချိတ်မှာတွဲလွဲလေး ချိတ်သွားရှာသည်….ကျေနပ်စွာပြုံးလိုက်ရင်း သူ့ကိုပင့်မြှောက်ချီထားသူကိုငုံ့ကြည့်လိုက်သည်.....ပင့်မြှောက်ထားတဲ့လက်တွေကို ဖြေးဖြေးချင်းပြန်ချလိုက်တော့ မိုရမ်နဲ့မျက်နှာချင်းဆိုင်ဖြစ်သွားတယ်….သူ့ကိုပြုံးကြည့်နေသူကို မျက်စောင်းမမည်သော မျက်စောင်းအသာထိုးရင်း….

أنت تقرأ
နှောင်ဖွဲ့လေသောသစ္စာ(OR)ကျိန်စာ (Complete)
أدب الهواةPart(1) to (10) ကအောက်မှာရှိပါတယ်နော် ရှေးခေတ်နဲ့ယခုခေတ်ရောရေးထားတဲ့ fic ကလေးပါ Zhanyi ပုံစံလေးပါရှင် 💞မင်းကို ကိုယ့်အနားမှာရှိဖို့အတွက်ကြိုးပေါင်းများစွာထဲကမှ အခိုင်ခံ့ဆုံးသော သစ္စာမေတ္တာကြိုးလေးနဲ့ကိုယ်ချည်နှောင်မယ်ရိပေါ် ဘယ်ဘဝမှာပဲရှိနေနေ ကို...